ဘေဂျင်းမှာ ကျင်းပမယ့် Yizhuang တစ်ဝက်မာရသွန်ပြိုင်ပွဲမှာ လူသားတွေနဲ့အတူ လူတူ ရိုဘော့ (Humanoid Robot) ၃၀၀ ကျော်ဟာ လာမယ့်ဧပြီလ ၁၉ ရက်နေ့မှာ ပုခုံးချင်းယှဉ်ပြီး ပြေးကြတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကုမ္ပဏီနဲ့ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်ကနေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်လို့ ပြီးခဲ့တဲ့နှစ်ကထက် ပြိုင်ပွဲဝင်ရိုဘော့အရေအတွက်ထက် ၅ ဆလောက် ပိုများလာတာပါ။ စည်းကမ်းချက်အရ ဒီရိုဘော့တွေဟာ အရပ် ၇၀ စင်တီမီတာထက် မြင့်ရမှာဖြစ်သလို လူတွေလိုပဲ ခြေနှစ်ချောင်းနဲ့ ပြေးလွှားနိုင်တဲ့ စနစ်မျိုး ပါရှိရမှာ ဖြစ်ပါတယ်။

Robots vs humans: Beijing hosts futuristic half marathon | Daily Sabah

ဒီပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့ ရိုဘော့တွေဟာ အလိုအလျောက်မောင်းနှင်တဲ့စနစ် (Autonomous) နဲ့ ပြေးရမှာဖြစ်ပြီး ဘက်ထရီလဲတာ ဒါမှမဟုတ် လဲကျသွားလို့ ပြန်မထနိုင်တဲ့ အခြေအနေမျိုးကလွဲရင် လူသားရဲ့ အကူအညီ လုံးဝယူလို့မရပါဘူး။ ဒါ့အပြင် ဒီနှစ်မှာတော့ ရိုဘော့တွေဟာ ပြိုင်ပွဲဝင်အဖြစ်တင်မကဘဲ လူသားအပြေးသမားတွေအတွက် အရှိန်ထိန်းပေးတဲ့သူ (Pacers) တွေအဖြစ်ပါ ပထမဆုံးအကြိမ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ လူသားအပြေးသမား ၁၂,၀၀၀ အတွက် နိုင်ငံပေါင်း ၂၇ နိုင်ငံက လူပေါင်း ၃၂,၀၀၀ ကျော် လျှောက်ထားကြတဲ့အထိ စိတ်ဝင်စားမှု မြင့်တက်နေတာပါ။

Humans, robots to run together again at Beijing Yizhuang Half Marathon, organisers  confirm

ပြိုင်ပွဲကွင်းအတွင်းမှာလည်း ရိုဘော့တွေကို နေရာစုံမှာ တွေ့ရဦးမှာ ဖြစ်ပါတယ်။ သူတို့ဟာ ပြိုင်ပွဲဝင်တွေအဖြစ်တင်မကဘဲ ဖျော်ဖြေရေးကဏ္ဍ၊ လမ်းကြောင်းရှင်းလင်းရေးနဲ့ အစားအသောက် ဝန်ဆောင်မှုပေးတဲ့ “ရိုဘော့ဝန်ဆောင်မှုအရာရှိ” တွေအဖြစ်ပါ တာဝန်ယူသွားမှာပါ။ ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ Tiangong Ultra လို့ခေါ်တဲ့ ရိုဘော့က ၂ နာရီ ၄၀ မိနစ်ကျော်နဲ့ ပန်းဝင်ပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီပြိုင်ပွဲရဲ့ တကယ့်စိတ်လှုပ်ရှားစရာ အကောင်းဆုံးအပိုင်းကတော့ နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းလေးတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရိုဘော့တချို့ဟာ ပြေးရင်းနဲ့ ခေါင်းပြုတ်ထွက်သွားတာ၊ လမ်းကြောင်းလွဲပြီး အင်ဂျင်နီယာကို တိုက်မိတာနဲ့ လဲကျသွားတာမျိုးတွေ ဖြစ်ခဲ့ပါသေးတယ်။ အဲဒီလို အလွဲလေးတွေရှိခဲ့ပေမဲ့ ရိုဘော့တွေက ကိုယ်တိုင်ပြန်ထပြီး ပန်းတိုင်အထိ ဆက်ပြေးနိုင်ခဲ့တာကြောင့် ကြည့်ရှုသူပရိသတ်တွေကြားမှာ တခဲနက် အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ref : Bangkokpost