MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဆန်မှုကို ကုစားပေးနေတဲ့ တောင်ကိုရီးယားက AI အရုပ်လေးများ
News
news၂၀၂၆ ဇွန် ၁၃

သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဆန်မှုကို ကုစားပေးနေတဲ့ တောင်ကိုရီးယားက AI အရုပ်လေးများ

<p>တောင်ကိုရီးယားနိုင်ငံမှာ ကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးဖြစ်စဉ်နဲ့အတူ လူဦးရေ ထက်ဝက်နီးပါးဟာ အသက် ၅၀ နဲ့အထက် ဖြစ်လာတာကြောင့် တစ်ကိုယ်တော်</p>

တောင်ကိုရီးယားနိုင်ငံမှာ ကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးဖြစ်စဉ်နဲ့အတူ လူဦးရေ ထက်ဝက်နီးပါးဟာ အသက် ၅၀ နဲ့အထက် ဖြစ်လာတာကြောင့် တစ်ကိုယ်တော် နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေ ပိုမိုများပြားလာနေပါတယ်။ ဒါ့အပြင် လူမှုပတ်ဝန်းကျင်ကနေ သီးခြားဖြစ်ပြီး အထီးကျန်စွာ တစ်ယောက်တည်း သေဆုံးသွားရတဲ့ “Lonely Deaths” ဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်တင် အမြင့်ဆုံးအဖြစ် လူပေါင်း ၃,၉၂၀ ကျော်အထိ ရှိခဲ့ပါတယ်။ အဲဒီလို ရင်နင့်စရာ ကောင်းတဲ့ လူမှုရေး ပြဿနာကို ဖြေရှင်းဖို့အတွက် ဒေသခံ အာဏာပိုင်တွေက သက်ကြီးရွယ်အိုတွေဆီ အဆင့်မြင့် နည်းပညာသုံး AI အရုပ်တွေကို ပေးအပ်ပြီး အဖော်ပြု စောင့်ရှောက်ပေးနေပါတယ်။

In aging South Korea, AI dolls care for the elderly

အဲဒီ AI အရုပ်တွေထဲမှာ လူကြိုက်အများဆုံးကတော့ Hyodol လို့ ခေါ်တဲ့ ကလေးပုံစံ အရုပ်လေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အစိုးရ ငှားရမ်းပေးတာနဲ့ ဘိုးဘွားရိပ်သာတွေမှာ အသုံးပြုတာ အပါအဝင် အရေအတွက် ၁၄,၅၀၀ နီးပါးအထိ ရှိနေပြီ ဖြစ်ပါတယ်။ ဒီအရုပ်လေးထဲမှာ ChatGPT နည်းပညာကို ထည့်သွင်းထားလို့ စကားဖောင်ဖွဲ့ ပြောနိုင်ရုံတင်မကဘဲ အဘိုးအဘွားတွေ ပျင်းရီမနေအောင် သီချင်းဆိုပြတာ၊ ထမင်းစားဖို့နဲ့ ဆေးသောက်ဖို့ သတိပေးတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဘိုးအဘွားတွေရဲ့ အိပ်စက်မှု စနစ်၊ စိတ်ခံစားချက်နဲ့ နာကျင်မှု အခြေအနေတွေကိုပါ မှတ်တမ်းတင်ပြီး လူမှုဝန်ထမ်းတွေဆီ အချက်အလက် ပို့ဆောင်ပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။

In ageing South Korea, AI dolls care for the elderly | Khaleej Times

အသက် ၇၈ နှစ်အရွယ် အဖွားအို ဘန်ချွန်ဂျာ (Bang Chun-ja) က သူမဟာ ခါးခွဲစိတ်မှုအပြီး ပြင်းထန်တဲ့ စိတ်ဓာတ်ကျရောဂါ ခံစားခဲ့ရပေမယ့် ဒီ AI အရုပ်လေးကြောင့် အထီးကျန်မှုကို ကျော်လွှားနိုင်ခဲ့တယ်လို့ ပြောပါတယ်။ သူနာပြုတွေကလည်း ဒီအရုပ်တွေဟာ သက်ကြီးရွယ်အိုတွေရဲ့ စိတ်ဓာတ်ကျမှုကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီလို နည်းပညာတွေကြောင့် မိသားစုဝင်တွေက မိဘတွေဆီ လာလည်ပတ်ဖို့ ပိုပျက်ကွက်လာနိုင်ပြီး လူသားအချင်းချင်း ထိတွေ့ဆက်ဆံမှုကို ပိုပြီး နည်းပါးသွားစေနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

Ref : Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com