MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
သားသေဆုံးမှုကို ဖုံးကွယ်ဖို့ AI နဲ့ ဖန်တီးပြီး မိခင်ကြီးကို လိမ်ညာထားတဲ့ ဖြစ်ရပ်
News
news၂၀၂၆ ဧပြီ ၂၄

သားသေဆုံးမှုကို ဖုံးကွယ်ဖို့ AI နဲ့ ဖန်တီးပြီး မိခင်ကြီးကို လိမ်ညာထားတဲ့ ဖြစ်ရပ်

<p>တရုတ်နိုင်ငံမှာ အသက် ၈၀ အရွယ် မိခင်ကြီးတစ်ဦးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သားဖြစ်သူနဲ့ ဗီဒီယိုကောလ်တွေ ပြောနေရတယ်လို့ ထင်မှတ်နေပေမဲ့</p>

တရုတ်နိုင်ငံမှာ အသက် ၈၀ အရွယ် မိခင်ကြီးတစ်ဦးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သားဖြစ်သူနဲ့ ဗီဒီယိုကောလ်တွေ ပြောနေရတယ်လို့ ထင်မှတ်နေပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလူဟာ မိသားစုဝင်တွေက စီစဉ်ထားတဲ့ AI အတုဖြစ်နေပါတယ်။

သူ့ရဲ့သားဟာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပေမဲ့ မိခင်ကြီးက နှလုံးရောဂါအခံရှိတာကြောင့် စိတ်ထိခိုက်မှာစိုးလို့ ဆွေမျိုးတွေက သတင်းကို ဖုံးကွယ်ထားခဲ့ကြတာပါ။

သားဖြစ်သူရဲ့ အချက်အလက်တွေကို သုံးပြီး ဖန်တီးထားတဲ့ AI က အသံနဲ့ ရုပ်ရည်ကိုပါ ပုံတူကူးထားပြီး အဝေးတစ်နေရာကို ပြောင်းသွားလို့ လူကိုယ်တိုင် လာမတွေ့နိုင်ဘူးလို့ အကြောင်းပြကာ သားဖြစ်သူ ရှိနေဆဲပဲဆိုတဲ့ အထင်အမြင်မျိုးနဲ့ လိမ်ညာထားတာ ဖြစ်ပါတယ်။

China family creates AI clone to comfort elderly mum after only son dies in car accident | South China Morning Post

“အမေ မင်းကို အရမ်းလွမ်းနေတာ၊ ဖုန်းလေး ခဏခဏ ပိုဆက်ပါဦး” လို့ မိခင်ကြီးက အမှန်တရားကို မသိဘဲ AI ကို ပြောနေတဲ့ မြင်ကွင်းက တကယ်ကို စိတ်မကောင်းစရာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ကြီးရွယ်အို စောင့်ရှောက်မှုမှာ အခုလို လိမ်ညာမှုတွေ ပြုလုပ်တာဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ငြင်းခုံစရာတွေ ဖြစ်လာပါတယ်။

ဝေဖန်သူတွေကတော့ အခုလို AI ကို အသုံးပြုပြီး လိမ်ညာထားတာဟာ ရေရှည်မှာ အမှန်တရားကို သိလိုက်ရတာထက် ပိုပြီး ဆိုးဝါးတဲ့ စိတ်ဒဏ်ရာတွေ ရသွားနိုင်တယ်လို့ သတိပေးနေကြပါတယ်။

China family creates AI clone to comfort elderly mum after only son dies in car accident | South China Morning Post

အခုလို နည်းပညာကိုသုံးပြီး ချစ်ရသူတွေနေရာမှာ အစားထိုးတာဟာ ကောင်းမွန်တဲ့ စေတနာလား ဒါမှမဟုတ် ရက်စက်တဲ့ လိမ်ညာမှုလားဆိုတာကတော့ ဝေဖန်စရာ ဖြစ်နေပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com