MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အီရန်က အီလွန်မတ်စ် ရဲ့ SpaceX နဲ့ Starlink အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ပြော
News
news၂၀၂၆ ဇွန် ၁၄

အီရန်က အီလွန်မတ်စ် ရဲ့ SpaceX နဲ့ Starlink အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ပြော

<p>အီလွန်မတ်စ်ရဲ့ စပေ့အက်စ် (SpaceX) နဲ့ စတာလင့်ခ် (Starlink) အဆောက်အအုံတွေကို စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန်နိုင်ငံပိုင်</p>

အီလွန်မတ်စ်ရဲ့ စပေ့အက်စ် (SpaceX) နဲ့ စတာလင့်ခ် (Starlink) အဆောက်အအုံတွေကို စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန်နိုင်ငံပိုင် ဖားစ်သတင်းဌာန (Fars News Agency) က ဖော်ပြပါတယ်၊၊

အမေရိကန်နဲ့ အစ္စရေးစစ်တပ်က အီရန်ကို တိုက်ခိုက်တဲ့နေရာမှာ စတာလင့်ခ် ဂြိုဟ်တုအင်တာနက်ကွန်ရက်ကို အသုံးပြုနေတယ်လို့ အီရန်ဘက်က စွပ်စွဲထားပြီး အစ္စရေးအပါအဝင် အရှေ့အလယ်ပိုင်းနဲ့ အာရှအနောက်ပိုင်းမှာရှိတဲ့ မတ်စ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်ဘက်ဆိုင်ရာ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Tesla CEO Elon Musk holds a mobile phone as he arrives to attend a state banquet with U.S. President Donald Trump and Chinese President Xi Jinping at the Great Hall of the People in Beijing, China, May 14, 2026. REUTERS/Evan Vucci

အီရန်နိုင်ငံမှာ စတာလင့်ခ် စက်ပစ္စည်းတွေကို ပိတ်ပင်ထားပြီး အသုံးပြုရင် ထောင်ဒဏ်အပြစ်ပေးတာတွေ လုပ်နေပေမယ့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန်မှာ အင်တာနက်ဖြတ်တောက်မှုကို ကျော်ဖြတ်နိုင်ဖို့ စက်အလုံးရေ ထောင်နဲ့ချီ မှောင်ခိုသွင်းခဲ့ကြပါတယ်၊၊

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အင်တာနက်အမှောင်ချခံရမှုကို ကျော်ဖြတ်နိုင်ဖို့ ကူညီတဲ့အနေနဲ့ စတာလင့်ခ်စက်အလုံးရေ ၆,၀၀၀ နီးပါး ဝယ်ယူခဲ့ကြောင်း ဝေါစထရိဂျာနယ် (WSJ) သတင်းမှာ ဖော်ပြထားပါတယ်။Musk says may need $30 bln to keep Starlink in orbit | Reuters

ဒီသတင်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ အဓိကရေနံတင်ပို့ရာ ခါ့ခ်ကျွန်း (Kharg Island) ကို သိမ်းပိုက်မယ်လို့ ပြောဆိုခဲ့တာအပါအဝင် ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ပြင်းထန်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်၊၊

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
အီရန်က အီလွန်မတ်စ် ရဲ့ SpaceX နဲ့ Starlink အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ပြော | MyTech Myanmar