MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
သိပ္ပံပညာရှင်တွေမလိုတော့ဘူးလား – ဂျပန်မှာ စက်ရုပ်တွေချည်းပဲ သုတေသနလုပ်မယ့် ဓာတ်ခွဲခန်းသစ်တစ်ခု ဖွင့်လှစ်
News
news၂၀၂၆ မေ ၁၄

သိပ္ပံပညာရှင်တွေမလိုတော့ဘူးလား – ဂျပန်မှာ စက်ရုပ်တွေချည်းပဲ သုတေသနလုပ်မယ့် ဓာတ်ခွဲခန်းသစ်တစ်ခု ဖွင့်လှစ်

<p>ဂျပန်နိုင်ငံ၊ တိုကျိုသိပ္ပံတက္ကသိုလ် (Institute of Science Tokyo) ရဲ့ ယူရှီးမား (Yushima) နယ်မြေမှာ</p>

ဂျပန်နိုင်ငံ၊ တိုကျိုသိပ္ပံတက္ကသိုလ် (Institute of Science Tokyo) ရဲ့ ယူရှီးမား (Yushima) နယ်မြေမှာ လူမဲ့စက်ရုပ်ဓာတ်ခွဲခန်းတစ်ခုကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

Robotics Innovation Center လို့ အမည်ပေးထားတဲ့ အဲဒီဓာတ်ခွဲခန်းထဲမှာ လူသားသုတေသနပညာရှင် တစ်ဦးတစ်ယောက်မှ ရှိမနေဘဲ စက်ရုပ် ၁၀ ရုပ်ကပဲ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Japan: World first fully automated medicine lab with humanoids, robots and no humans

အဲဒီစက်ရုပ်တွေဟာ ဆဲလ်တွေ မွေးမြူတာ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေကို ကိုင်တွယ်တာနဲ့ ဓာတုဗေဒဆေးရည်တွေကို ရောစပ်တာစတဲ့ သေချာဂရုစိုက်လုပ်ရမယ့် အလုပ်တွေကို လူအစား ထပ်ခါတလဲလဲ လုပ်ဆောင်ပေးနေပါတယ်။

အခုလို စက်ရုပ်တွေကို အသုံးပြုတာဟာ လူတွေလုပ်တဲ့အခါ ဖြစ်တတ်တဲ့ အမှားအယွင်းတွေကို လျှော့ချနိုင်ဖို့၊ သုတေသနလုပ်ငန်းတွေကို ပိုပြီးမြန်ဆန်လာစေဖို့နဲ့ ဓာတ်ခွဲခန်းကို နားရက်မရှိ ၂၄ နာရီပတ်လုံး လည်ပတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

Unmanned lab opens with robots at work as researchers push AI, automation - Japan Today

လက်ရှိမှာတော့ စက်ရုပ်အနည်းငယ်နဲ့ပဲ စတင်နေတာဖြစ်ပေမဲ့ တက္ကသိုလ်ဘက်ကတော့ အဲဒီစနစ်ကို အကြီးအကျယ် ချဲ့ထွင်ဖို့ စီစဉ်နေပါတယ်။ လာမယ့် ၂၀၄၀ ပြည့်နှစ်အရောက်မှာတော့ ဓာတ်ခွဲခန်းထဲမှာ စက်ရုပ်  ၂,၀၀၀ အထိ အသုံးပြုပြီး သုတေသနလုပ်ငန်းတွေကို အလိုအလျောက် ပိုမိုလုပ်ဆောင်သွားနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com