MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဂျပန်နိုင်ငံက ကိုယ်ပိုင် AI မော်ဒယ်နဲ့ AI စက်ရုပ် ၁၀ သန်း အသုံးပြုဖို့ စီစဉ်နေ
News
news၂၀၂၆ ဇူလိုင် ၅

ဂျပန်နိုင်ငံက ကိုယ်ပိုင် AI မော်ဒယ်နဲ့ AI စက်ရုပ် ၁၀ သန်း အသုံးပြုဖို့ စီစဉ်နေ

<p>ဂျပန်အစိုးရဟာ ၂၀၄၀ ပြည့်နှစ်အရောက်မှာ ကဏ္ဍပေါင်း ၁၈ ခုမှာ အသုံးပြုမယ့် AI စနစ်သုံး စက်ရုပ်</p>

ဂျပန်အစိုးရဟာ ၂၀၄၀ ပြည့်နှစ်အရောက်မှာ ကဏ္ဍပေါင်း ၁၈ ခုမှာ အသုံးပြုမယ့် AI စနစ်သုံး စက်ရုပ် ၁၀ သန်းအထိ ဖြန့်ကြက်ဖို့နဲ့ ကိုယ်ပိုင် AI မော်ဒယ်တစ်ခု တီထွင်ဖို့ စီစဉ်နေပါတယ်။ အဲဒီကိုယ်ပိုင် AI မော်ဒယ်ကို SoftBank နဲ့ Sony တို့ ပါဝင်တဲ့ Noetra မဟာမိတ်အဖွဲ့က တီထွင်မှာဖြစ်ပြီး အစိုးရဘက်က လာမယ့် ၅ နှစ်အတွင်း ရလဒ်တွေအပေါ် မူတည်ပြီး ယန်း ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံ) အထိ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

Japan plans sovereign AI model, 10 million AI robots

အဲဒီစီမံကိန်းဟာ စခရင်ပေါ်က ဆော့ဖ်ဝဲလ်တွေကနေတစ်ဆင့် အပြန်အလှန်လုပ်ဆောင်ရုံတင်မကဘဲ အလိုအလျောက်မောင်းနှင်တဲ့ကားတွေ၊ စက်ရုံသုံးရိုဘော့တ်တွေလိုမျိုး လက်တွေ့ကမ္ဘာမှာ အသုံးပြုနိုင်မယ့် Physical AI စနစ်အပေါ် အဓိက အာရုံစိုက်ထားပါတယ်။ အဲဒီလုပ်ငန်းစုမှာ မော်တော်ယာဉ်၊ အီလက်ထရွန်နစ်၊ ဘဏ္ဍာရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍတွေက ကုမ္ပဏီပေါင်း ၄၄ ခုအထိ တိုးတက်ပါဝင်လာဖို့ မျှော်လင့်ထားပါတယ်။

Japan Plans Sovereign AI Model and 10 Million Robots | The Robotics Media

ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ နည်းပညာတွေအပေါ် အလွန်အကျွံ မှီခိုနေရတာကို လျှော့ချဖို့အတွက် အခုလို ကိုယ်ပိုင် AI မော်ဒယ်ကို တီထွင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူဦးရေ အိုမင်းရင့်ရော်လာပြီး လျော့နည်းလာတဲ့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတဲ့ လုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့အတွက်လည်း အဲဒီရိုဘော့တ်တွေက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

Ref : Channel News Asia

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com