MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဂျပန်မှာ ဝက်ဝံတွေကို ခြောက်လှန့်ဖို့ ‘စက်ရုပ်ဝံပုလွေ’ တွေကို အလုအယက် ဝယ်ယူနေ
News
news၂၀၂၆ မေ ၁၆

ဂျပန်မှာ ဝက်ဝံတွေကို ခြောက်လှန့်ဖို့ ‘စက်ရုပ်ဝံပုလွေ’ တွေကို အလုအယက် ဝယ်ယူနေ

<p>ဂျပန်နိုင်ငံမှာ ဝက်ဝံတွေ လူကို ကိုက်ခဲတိုက်ခိုက်လို့ သေဆုံးရတဲ့ဖြစ်စဉ်တွေ စံချိန်တင် များပြားလာတာကြောင့် တောရိုင်းတိရစ္ဆာန်တွေကို မောင်းထုတ်ပေးမယ့် ကြောက်မက်ဖွယ်</p>

ဂျပန်နိုင်ငံမှာ ဝက်ဝံတွေ လူကို ကိုက်ခဲတိုက်ခိုက်လို့ သေဆုံးရတဲ့ဖြစ်စဉ်တွေ စံချိန်တင် များပြားလာတာကြောင့် တောရိုင်းတိရစ္ဆာန်တွေကို မောင်းထုတ်ပေးမယ့် ကြောက်မက်ဖွယ် ‘စက်ရုပ်ဝံပုလွေ’ တွေ အလုအယက် ဝယ်ယူနေကြရပါတယ်။

ဟိုကိုင်းဒိုးအခြေစိုက် Ohta Seiki ကုမ္ပဏီက ထုတ်လုပ်တဲ့ “Monster Wolf” လို့ ခေါ်တဲ့ အဆိုပါစက်ရုပ်ဟာ တကယ့်ကို အိပ်မက်ဆိုးတစ်ခုလို ပုံစံဖန်တီးထားတာဖြစ်ပြီး အခုနှစ်အတွင်းမှာတင် ပုံမှန်တစ်နှစ်စာထက် ပိုများတဲ့ အော်ဒါအခုရေ ၅၀ ကျော် ရရှိထားပါတယ်။

ဒီစက်ရုပ်တွေကို လက်နဲ့ပဲ သေချာအသေးစိတ် ပြုလုပ်ရတာကြောင့် အော်ဒါမှာသူတွေအနေနဲ့ ၂ လကနေ ၃ လအထိတောင် တန်းစီစောင့်ဆိုင်းနေရတဲ့အထိ ဝယ်လိုအား သောင်းကျန်းနေတာပါ။

Robot wolves' in high demand to scare off bears in Japan - The Japan Times

ဒီစက်ရုပ်ဟာ သာမန်ရုပ်သေးရုပ် မဟုတ်ပါဘူး။ ဝက်ဝံတွေကို တကယ်ခြောက်လှန့်နိုင်ဖို့ သွေးပျက်စရာ ကောင်းလောက်အောင် အူသံ၊ ဟောက်သံတွေနဲ့ လူသံအပါအဝင် အသံအမျိုးအစား ၅၀ ကျော်ကို ထုတ်လွှင့်နိုင်ပြီး ၁ ကီလိုမီတာအကွာအဝေးအထိပါ အသံကြားရမှာ ဖြစ်ပါတယ်။

စက်ရုပ်ရဲ့ ခေါင်းက ဘေးဘယ်ညာ ယိမ်းခါနေမှာဖြစ်ပြီး နီရဲနေတဲ့ LED မျက်လုံးတွေက တဖျတ်ဖျတ်လင်းကာ အမြီးကပါ အပြာရောင်အလင်းတွေ ထွက်နေမှာ ဖြစ်ပါတယ်။

ဒီလို ထိရောက်တဲ့ နည်းပညာကြောင့်ပဲ ဝက်ဝံအန္တရာယ်ကို စိုးရိမ်နေရတဲ့ လယ်သမားတွေ၊ ဂေါက်ကွင်းလုပ်ငန်းရှင်တွေနဲ့ တောတောင်နဲ့နီးတဲ့ ဆောက်လုပ်ရေးသမားတွေက အမေရိကန်ဒေါ်လာ ၄,၀၀၀ ကျော် ပေးရတဲ့ ဒီစက်ရုပ်ကို မဖြစ်မနေ အားကိုးတကြီး ဝယ်ယူနေကြတာ ဖြစ်ပါတယ်။

Japan 'robot wolves' in high demand to scare off bears - VnExpress International

ဂျပန်မှာ ဝက်ဝံအန္တရာယ်ဟာ အခုအခါမှာ ကြောက်ခမန်းလိလိ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ဝက်ဝံတိုက်ခိုက်မှုကြောင့် လူ ၁၃ ဦးအထိ စံချိန်တင် သေဆုံးခဲ့ရပြီး ဝက်ဝံတွေ့ရှိကြောင်း သတင်းပို့မှုပေါင်း ၅၀,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

ဝက်ဝံတွေဟာ တောထဲမှာတင်မကဘဲ လူနေအိမ်တွေ၊ ကျောင်းတွေအနီး၊ စူပါမားကတ်တွေနဲ့ ရေပူစမ်း အပန်းဖြေစခန်းတွေထဲအထိ နေ့စဉ်နဲ့အမျှ ဝင်ရောက်သောင်းကျန်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကုမ္ပဏီအနေနဲ့ ဒီစက်ရုပ်ကို ဘီးတွေတပ်ဆင်ပြီး တိရစ္ဆာန်တွေကို လိုက်လံမောင်းထုတ်နိုင်ဖို့ အဆင့်မြှင့်တင်နေသလို၊ နောက်ပိုင်းမှာ AI ကင်မရာတွေ ထည့်သွင်းဖို့နဲ့ တောင်တက်သမားတွေနဲ့ ကျောင်းသားတွေအတွက် လက်ကိုင်ဗားရှင်းပုံစံမျိုးအထိ ထုတ်လုပ်ဖို့ပါ စီစဉ်နေပါတယ်။

Ref: Channel News Asia

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com