MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဂျပန်မှာ ရထားဘူတာနဲ့ အဆောက်အအုံတွေကနေ ခုန်ချသတ်သေမယ့်ဘေးကနေ AI စနစ်သုံးပြီး ကာကွယ်ပေးနေ
News
news၂၀၂၆ ဇွန် ၃

ဂျပန်မှာ ရထားဘူတာနဲ့ အဆောက်အအုံတွေကနေ ခုန်ချသတ်သေမယ့်ဘေးကနေ AI စနစ်သုံးပြီး ကာကွယ်ပေးနေ

<p>ဂျပန်နိုင်ငံမှာ ရထားဘူတာတွေနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၄၀ ဝန်းကျင်မှာ လူတွေ ခုန်ချသတ်သေခံမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့အတွက်</p>

ဂျပန်နိုင်ငံမှာ ရထားဘူတာတွေနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၄၀ ဝန်းကျင်မှာ လူတွေ ခုန်ချသတ်သေခံမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် AI စနစ်တစ်ခုကို ထည့်သွင်းအသုံးပြုနေကြပြီး အဲဒီစနစ်ကြောင့် အနည်းဆုံး လူနှစ်ယောက်ရဲ့ အသက်ကို ထူးထူးခြားခြား ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုကျိုအခြေစိုက် Asilla Inc က တီထွင်ထားတဲ့ အဲဒီစနစ်ဟာ လုံခြုံရေးကင်မရာတွေကတစ်ဆင့် လူတွေရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်နေတာဖြစ်ပြီး ဘူတာရုံပလက်ဖောင်းအစွန်း ဒါမှမဟုတ် အဆောက်အအုံခေါင်မိုးတွေပေါ်မှာ ဟိုဟိုဒီဒီ လမ်းလျှောက်နေတာ၊ အချိန်အကြာကြီး ယောင်လည်လည် ဖြစ်နေတာမျိုးတွေကို တွေ့ရင် သေကြောင်းကြံမယ့် အလားအလာ ရှိ၊ မရှိ ချက်ချင်း ခွဲခြားစိတ်ဖြာပေးပါတယ်။

Commercial Stations and Facilities in Japan Equipped with AI to Prevent Suicide

AI စနစ်က ဒီလို ထူးခြားတဲ့ အပြုအမူတွေကို ခြေရာခံမိတာနဲ့တစ်ပြိုင်နက် လုံခြုံရေးဝန်ထမ်းတွေဆီ အချက်ပေးစနစ်နဲ့ သတိပေးချက် ချက်ချင်းပို့ပေးမှာဖြစ်ပြီး တချို့နေရာတွေမှာဆိုရင် အသံချဲ့စက်ကနေပါ သတိပေးစကား ပြောကြားပေးပါတယ်။

အသက်ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာဆိုရင် စီးပွားရေးအဆောက်အအုံတစ်ခုရဲ့ အများပြည်သူ မဝင်ရတဲ့နေရာမှာ ရောက်နေတဲ့ အမျိုးသားတစ်ယောက်ကို AI က လှမ်းမြင်ခဲ့လို့ လုံခြုံရေးဝန်ထမ်းက အချိန်မီ သွားရောက်တားဆီးနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ အဆောက်အအုံပေါ်ကနေ ခုန်ချပြီး သေကြောင်းကြံဖို့ ပြင်နေတာလို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။

နောက်ထပ် ထိတ်လန့်စရာ ဖြစ်စဉ်တစ်ခုမှာလည်း အဆောက်အအုံတစ်ခုရဲ့ အပေါ်ထပ်လက်ရန်းနားမှာ အချိန်အကြာကြီး ရှိနေတဲ့ ကလေးတစ်ယောက်ကို AI က သတိပြုမိခဲ့လို့ လုံခြုံရေးဝန်ထမ်းက သွားရောက်စစ်ဆေးရာမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့ သေတမ်းစာ ရေးနေတာကို အချိန်မီ ဖမ်းမိခဲ့တာပါ။

Japan deploys AI to prevent suicides at train stations, high-rise buildings

Asilla ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်ကတည်းက စီးပွားရေးအဆောက်အအုံ ၂၀၀ ဝန်းကျင်နဲ့ ပူးပေါင်းပြီး လုံခြုံရေးကင်မရာမှတ်တမ်းပေါင်း ၇ သန်းကျော်ကို သုံးကာ AI စနစ်ကို အသေးစိတ် လေ့ကျင့်ပေးခဲ့တာပါ။

ဒါကြောင့် ဒီစနစ်ဟာ သေကြောင်းကြံမယ့် လက္ခဏာတွေတင်မကဘဲ လူတွေ ရုတ်တရက် လဲကျတာ၊ နေမကောင်းဖြစ်တာနဲ့ ရန်ပွဲလို အကြမ်းဖက်မှု ဖြစ်ပွားတာတွေကိုပါ လိုက်လံထောက်လှမ်းနိုင်စွမ်း ရှိပါတယ်။

လက်ရှိမှာတော့ ဒီ AI စနစ်ကို တိုကျိုနဲ့ အိမ်နီးနားချင်း ကာနာဂါဝါခရိုင်အတွင်းက စီးပွားရေးအဆောက်အအုံ ၃၀ နဲ့ ရထားဘူတာ ၁၀ ခုဝန်းကျင်မှာ တပ်ဆင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com