ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် လူတော်တော်များများက ပန်းစည်းလှလှလေး ဒါမှမဟုတ် ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲလေးကိုပဲ စဉ်းစားကြမှာပါ။ ဒါပေမဲ့ ဂျပန်နိုင်ငံသား Yasushi Takahashi (ခေါ်) Yassan ကတော့ တစ်ကမ္ဘာလုံး အံ့ဩသွားရလောက်တဲ့အထိ ထူးထူးခြားခြား ပြင်ဆင်ခဲ့ပါတယ်။

How a Japanese artist set the record for world's largest GPS drawing with  his marriage proposal

❤၆ လကြာ ခရီးကြမ်းနဲ့ GPS အနုပညာ

သူဟာ သူ့ရဲ့ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် အလုပ်ကနေ ထွက်လိုက်ပြီး ဂျပန်နိုင်ငံတစ်ဝှမ်း ၆ လတိုင်တိုင် ခရီးနှင်ခဲ့ပါတယ်။ လမ်းလျှောက်လိုက်၊ စက်ဘီးစီးလိုက်၊ ကားမောင်းလိုက်နဲ့ ကူးတို့သင်္ဘောတွေပါ စီးပြီး ကီလိုမီတာပေါင်း ၇,၁၀၀ ကျော် ခရီးနှင်ခဲ့တာပါ။ အဓိကရည်ရွယ်ချက်ကတော့ သူသွားခဲ့တဲ့လမ်းကြောင်းတွေကို GPS နဲ့ မှတ်တမ်းတင်ပြီး မြေပုံပေါ်မှာ စာသားတစ်ခု ပေါ်လာအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။

Yasushi 'Yassan' Takahashi: The Man Who Proposed to His Girlfriend Using  Google Earth - Nspirement

❤Google Maps ပေါ်က သတင်းစကား

သူ့ရဲ့ ခရီးစဉ်ပြီးဆုံးလို့ GPS မှတ်တမ်းတွေကို Google Maps ပေါ် တင်လိုက်တဲ့အခါမှာတော့ တစ်ခါမှမမြင်ဖူးတဲ့ အကြီးမားဆုံး အချစ်သတင်းစကားကြီး ပေါ်လာပါတော့တယ်။ ဂျပန်နိုင်ငံ မြေပုံအနှံ့မှာ “Marry Me” ဆိုတဲ့ စာသားကြီးကို အကြီးအကျယ် ပုံဖော်ထားတာဖြစ်ပြီး အဆုံးသတ်မှာတော့ နှလုံးသားပုံလေးတစ်ပုံပါ ပါဝင်ပါတယ်။

 

❤ဂင်းနစ်စံချိန်တင် အချစ်ခရီးစဉ်

ဒီလောက်အထိ အားစိုက်ထုတ်ခဲ့တဲ့ သူ့ရဲ့ ပုံဖော်မှုဟာ “ကမ္ဘာ့အကြီးဆုံး GPS ပုံဖော်မှု” အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ အချစ်အတွက်နဲ့ ဂျပန်တစ်နိုင်ငံလုံးကို မြေပုံပေါ်မှာ စာလုံးထိုးခဲ့တဲ့ Yassan ရဲ့ ဒီလုပ်ရပ်ဟာ ခုထက်ထိ နည်းပညာနဲ့ အချစ်ကို ပေါင်းစပ်လိုက်တဲ့ အမှတ်တရအရှိဆုံး ဖြစ်ရပ်တစ်ခုအဖြစ် လူပြောများနေဆဲပဲ ဖြစ်ပါတယ်။

Ref : Fossbytes