MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Jeff Bezos လီဗာပူး ဘောလုံးအသင်းရဲ့ ရှယ်ယာ ၃ ပုံ ၁ ပုံကို ဝယ်လိုက်ပြီ
News
news၂၀၂၆ ဩဂုတ် ၁၅

Jeff Bezos လီဗာပူး ဘောလုံးအသင်းရဲ့ ရှယ်ယာ ၃ ပုံ ၁ ပုံကို ဝယ်လိုက်ပြီ

<p>အင်္ဂလန်ဘောလုံးကလပ် လီဗာပူးရဲ့ ပိုင်ရှင် Fenway Sports Group (FSG) ဟာ ကလပ်ရဲ့ ရှယ်ယာ</p>

အင်္ဂလန်ဘောလုံးကလပ် လီဗာပူးရဲ့ ပိုင်ရှင် Fenway Sports Group (FSG) ဟာ ကလပ်ရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို 1892 Holdings အဖွဲ့ထံ ရောင်းချလိုက်ပါတယ်။ အဲဒီ အရောင်းအဝယ်ကြောင့် လီဗာပူးကလပ်ရဲ့ တန်ကြေးဟာ ပေါင် ၅ ဘီလီယံကနေ ၆ ဘီလီယံကြား ရှိလာပါတယ်။ 1892 Holdings အဖွဲ့ကို Amit Bhatia က ဦးဆောင်ပြီး အမေဇုန် တည်ထောင်သူ ဂျက်ဖ်ဘီဇော့ နဲ့ ဖေ့စ်ဘွတ်ခ် ပူးတွဲတည်ထောင်သူ အက်ဒွာဒို ဆာဗရင် တို့က ကျောထောက်နောက်ခံ ပေးထားပါတယ်။

Jeff Bezos & Liverpool: Consortium including American advances talks - BBC  Sport

အရောင်းအဝယ်ကို တရားဝင် အတည်ပြုပြီးချိန်မှာ Amit Bhatia ဟာ ကလပ်ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှာဖြစ်ပြီး ဒါရိုက်တာအဖွဲ့မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဂျက်ဖ်ဘီဇော့ အတွက်တော့ ဒါဟာ အားကစားလောကထဲကို ပထမဆုံး ဝင်ရောက်လာခြင်း ဖြစ်ပေမယ့် ဒါရိုက်တာအဖွဲ့မှာ တိုက်ရိုက် ပါဝင်မှာတော့ မဟုတ်ပါဘူး။

Liverpool: Amazon founder Jeff Bezos nears deal to buy stake with  consortium led by Amit Bhatia | Football News | Sky Sports

ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပေမယ့်လည်း ကစားသမား အပြောင်းအရွှေ့ ဈေးကွက်အတွက် သီးသန့် ဘတ်ဂျက် ထပ်တိုးပေးမှာ မဟုတ်ဘူးလို့ အန်ဖီးလ် တာဝန်ရှိသူတွေက ရှင်းလင်းထားပါတယ်။ FSG ဟာ ကလပ်ရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ အဓိက ရှယ်ယာပိုင်ဆိုင်မှုကို ဆက်လက် ထိန်းချုပ်ထားမှာ ဖြစ်ပြီး အခုလို မိတ်ဖက်အသစ်တွေနဲ့ ပူးပေါင်းတာဟာ အာရှဈေးကွက်နဲ့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကနေတစ်ဆင့် ကလပ်ရဲ့ အမှတ်တံဆိပ်ကို နိုင်ငံတကာမှာ ကျယ်ပြန့်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ FSG ဟာ ၂၀၁၀ ခုနှစ်မှာ လီဗာပူးကို ပေါင်သန်း ၃၀၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အခု ရှယ်ယာ ၃၀ ရာခိုင်နှုန်း ရောင်းချမှုကနေ ပေါင် ၁.၅ ဘီလီယံကျော် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

Ref : marca 

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com