Tesla ရှယ်ယာဈေး ၆၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားနိုင်ကြောင်း JP Morgan သတိပေး
<p>၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလပတ် ရောင်းအားဟာ ဝေါစထရိ (Wall Street) ရဲ့ ခန့်မှန်းချက်အောက်ကို ရောက်ရှိသွားပြီးနောက်</p>
၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလပတ် ရောင်းအားဟာ ဝေါစထရိ (Wall Street) ရဲ့ ခန့်မှန်းချက်အောက်ကို ရောက်ရှိသွားပြီးနောက် Tesla ရဲ့ ရှယ်ယာဈေးဟာ ၆၀ ရာခိုင်နှုန်းလောက်အထိ အကြီးအကျယ် ကျဆင်းသွားနိုင်တယ်လို့ JP Morgan က ပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း Tesla အတွက် ဒုတိယမြောက် အဆိုးရွားဆုံး သုံးလပတ်တစ်ခုလည်း ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ အခြေခံစီးပွားရေး အခြေအနေတွေ ကျဆင်းနေပေမယ့် ရှယ်ယာဈေးကတော့ ပုံမှန်ထက် အဆမတန် မြင့်တက်နေဆဲ ဖြစ်ပါတယ်။ JP Morgan ရဲ့ အကဲဖြတ်ပညာရှင် Ryan Brinkman က “ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အခုအခြေအနေကို သတိထားပြီး ကိုင်တွယ်ကြဖို့ အကြံပြုပါတယ်” လို့ ရေးသားခဲ့သလို HSBC ဘဏ်ကလည်း ရှယ်ယာဈေး ၆၀ ရာခိုင်နှုန်းလောက် ထိုးဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

Tesla ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ ဆန်းသစ်တဲ့ ကားမော်ဒယ်အသစ် ထုတ်လုပ်နိုင်ခြင်း မရှိဘဲ Cybertruck ကလည်း ထင်သလောက် အောင်မြင်မှုမရခဲ့ပါဘူး။ တစ်ဖက်မှာလည်း တရုတ်ပြိုင်ဘက် ကုမ္ပဏီတွေက လျှပ်စစ်ကား (EV) ဈေးကွက်ကို စိုးမိုးထားပါတယ်။ လက်ရှိမှာတော့ CEO Elon Musk ဟာ ကုမ္ပဏီရဲ့ မူလ EV ရည်မှန်းချက်တွေထက် Robotaxis (အလိုအလျောက်မောင်း တက္ကစီ) နဲ့ လူတူစက်ရုပ်တွေဘက်ကို ပိုပြီး အာရုံစိုက်လာတာကို တွေ့ရပါတယ်။
Ref: Fossbytes




