MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
၁၀ စက္ကန့် အတွင်း အလိုအလျောက် ဝတ်ဆင်နိုင်တဲ့ စမတ်အဝတ်အထည်ကို တောင်ကိုရီးယားနဲ့ အမေရိကန် သုတေသီတွေ တီထွင်
News
news၂၀၂၆ ဇူလိုင် ၂၅

၁၀ စက္ကန့် အတွင်း အလိုအလျောက် ဝတ်ဆင်နိုင်တဲ့ စမတ်အဝတ်အထည်ကို တောင်ကိုရီးယားနဲ့ အမေရိကန် သုတေသီတွေ တီထွင်

<p>တောင်ကိုရီးယား အဆင့်မြင့် သိပ္ပံနဲ့ နည်းပညာအင်စတီကျု (KAIST) နဲ့ အမေရိကန် စတန်းဖို့ဒ် တက္ကသိုလ်က သုတေသနအဖွဲ့တွေဟာ</p>

တောင်ကိုရီးယား အဆင့်မြင့် သိပ္ပံနဲ့ နည်းပညာအင်စတီကျု (KAIST) နဲ့ အမေရိကန် စတန်းဖို့ဒ် တက္ကသိုလ်က သုတေသနအဖွဲ့တွေဟာ လက်နဲ့ ဝတ်ဆင်စရာ မလိုဘဲ အလိုအလျောက် ဝတ်ဆင်နိုင်တဲ့ စမတ်အဝတ်အထည် နည်းပညာကို အောင်မြင်စွာ တီထွင်လိုက်ပါတယ်။

အဆိုပါ အဝတ်အထည်ထဲမှာ လေဖိအားနဲ့ မောင်းနှင်တဲ့ “နွယ်ပင်ပုံစံ စက်ရုပ်” (vine robot) လို့ ခေါ်တဲ့ ပျော့ပျောင်းတဲ့ စနစ်တစ်ခု ပါဝင်ပြီး၊ စတင်လိုက်တာနဲ့ လူရဲ့ ခန္ဓာကိုယ်အလိုက် စက္ကန့် ၁၀ အတွင်း အလိုအလျောက် လွှမ်းခြုံ ဝတ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

Reuters

ဒီနည်းပညာရဲ့ စိတ်ကူးအိုင်ဒီယာဟာ သုတေသီတစ်ဦး မိုးရွာထဲ စက်ဘီးစီးနေစဉ် မိုးကာအင်္ကျီကို အလိုအလျောက် ဝတ်ဆင်နိုင်ရင် ကောင်းမယ်ဆိုတဲ့ အတွေ့အကြုံကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

စက်ရုပ်စနစ်ဟာ ခန္ဓာကိုယ် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ကျဉ်းမြောင်းတဲ့ နေရာတွေမှာပါ လိုက်လျောညီထွေ လှုပ်ရှားနိုင်တာကြောင့် ရိုးရှင်းပြီး ထိရောက်တဲ့ ဝတ်ဆင်မှု စနစ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Reuters

အဲဒီ စမတ်အဝတ်အထည်ဟာ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်ရုံတင် မကဘဲ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ လှုပ်ရှားသွားလာရ ခက်ခဲသူတွေအတွက် အထူး အသုံးဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အရေးပေါ် ကယ်ဆယ်ရေး သမားတွေ၊ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေနဲ့ မိုက်ခရိုချစ်ပ် စက်ရုံက ဝန်ထမ်းတွေလို ကာကွယ်ရေး ဝတ်စုံတွေကို မြန်မြန်ဆန်ဆန် ဝတ်ဆင်ဖို့ လိုအပ်တဲ့ အလုပ်အကိုင်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မယ်လို့ သုတေသနအဖွဲ့က မျှော်လင့်ထားပါတယ်။

Ref : Khaosod

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com