MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI Chatbot တွေက ဇီဝလက်နက်လုပ်နည်းတွေကို အသေးစိတ်သင်ပေးနေတာကြောင့် ပညာရှင်တွေ ကျောချမ်းနေရ
News
news၂၀၂၆ မေ ၄

AI Chatbot တွေက ဇီဝလက်နက်လုပ်နည်းတွေကို အသေးစိတ်သင်ပေးနေတာကြောင့် ပညာရှင်တွေ ကျောချမ်းနေရ

<p>လူအစုလိုက်အပြုံလိုက်ကို သေကျေပျက်စီးစေနိုင်တဲ့ ဇီဝလက်နက်ပြုလုပ်နည်းတွေကို ထိပ်တန်း AI Chatbot တွေက အသေးစိတ် လမ်းညွှန်ပေးနေတယ်လို့ New</p>

လူအစုလိုက်အပြုံလိုက်ကို သေကျေပျက်စီးစေနိုင်တဲ့ ဇီဝလက်နက်ပြုလုပ်နည်းတွေကို ထိပ်တန်း AI Chatbot တွေက အသေးစိတ် လမ်းညွှန်ပေးနေတယ်လို့ New York Times သတင်းဌာနက ဖော်ပြလိုက်တာကြောင့် ကမ္ဘာ့ပညာရှင်တွေကြားမှာ အတော်လေး တုန်လှုပ်သွားကြပါတယ်။ သတင်းဌာနက ရရှိထားတဲ့ မှတ်တမ်းတွေအရ Chatbot တွေဟာ လူသေစေနိုင်တဲ့ နည်းလမ်းတွေကို အကွက်ကျကျ ရှင်းပြနေတာ တွေ့ရပါတယ်။

AI chatbots terrify scientists with 'chilling' instructions on how to build  biological weapons: report

စတန်းဖို့ဒ်တက္ကသိုလ်က အဏုဇီဝဗေဒပညာရှင် ဒေးဗစ်ရဲလ်မန်းရဲ့ စမ်းသပ်မှုမှာဆိုရင် ပိုပြီး ထိတ်လန့်စရာကောင်းပါတယ်။ သူ စမ်းသပ်လိုက်တဲ့ AI Chatbot တစ်ခုဟာ လူသိများတဲ့ ရောဂါပိုးတွေကို ဆေးမတိုးအောင် ဘယ်လိုပြုပြင်ရမလဲဆိုတာကအစ၊ လူအသေအပျောက် အများဆုံးဖြစ်အောင် အများပြည်သူသုံး ဘတ်စ်ကားနဲ့ ရထားတွေမှာ ဘယ်လိုနည်းနဲ့ ပျံ့နှံ့အောင်လုပ်ရမလဲဆိုတာအထိ အကြံပေးခဲ့တာပါ။ “ကျွန်တော်တောင် မတွေးမိတဲ့ မေးခွန်းတွေကို သူက တကယ့်ကို ယုတ်မာပရိယာယ်ကြွယ်ဝတဲ့ အဆင့်မျိုးနဲ့ ဖြေပေးနေတာတွေ့ရလို့ ကျောတောင် ချမ်းသွားတယ်” လို့ ရဲလ်မန်းက ပြောပါတယ်။

Synthetic Bioweapons Are Coming | Proceedings - June 2021 Vol. 147/6/1,420

ဒါတင်မကသေးဘဲ ChatGPT ကလည်း မိုးလေဝသတိုင်းတာတဲ့ ပူဖောင်းတွေကိုသုံးပြီး အမေရိကန်မြို့ကြီးတွေအပေါ် သေစေနိုင်တဲ့ ရောဂါပိုးတွေ ဘယ်လိုဖြန့်မလဲဆိုတာကို အသေးစိတ် ရှင်းပြခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google၊ OpenAI နဲ့ Anthropic တို့ကတော့ သူတို့ရဲ့ AI တွေမှာ လုံခြုံရေးဘောင်တွေ ခံထားပါတယ်ဆိုပြီး ပြန်လည် တုံ့ပြန်ငြင်းဆိုထားကြပါတယ်။

Ref : Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com