MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Nvidia စီအီးအို ဂျန်းဆန်ဟောင်း ဝတ်ဆင်ခဲ့တဲ့ သားရေဂျာကင် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးနဲ့ လေလံအောင်မြင်
News
news၂၀၂၆ ဇူလိုင် ၂၄

Nvidia စီအီးအို ဂျန်းဆန်ဟောင်း ဝတ်ဆင်ခဲ့တဲ့ သားရေဂျာကင် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးနဲ့ လေလံအောင်မြင်

<p>Nvidia  ကုမ္ပဏီရဲ့ စီအီးအို ဂျန်းဆန်ဟောင်း (Jensen Huang) ဝတ်ဆင်ခဲ့ဖူးတဲ့ အနက်ရောင် သားရေဂျာကင်ကို နယူးယောက်မြို့မှာ</p>

Nvidia  ကုမ္ပဏီရဲ့ စီအီးအို ဂျန်းဆန်ဟောင်း (Jensen Huang) ဝတ်ဆင်ခဲ့ဖူးတဲ့ အနက်ရောင် သားရေဂျာကင်ကို နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၉၆၀,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

အဲဒီပွဲကို Sotheby's လေလံဌာနက ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး မူလခန့်မှန်းတန်ဖိုး ဒေါ်လာ ၆၀,၀၀၀ ထက် ၁၆ ဆမက ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။ Tom Ford တံဆိပ် အဲဒီဂျာကင်ကို ရယူဖို့အတွက် Collector ၄၅ ယောက်အထိ ပါဝင်ယှဉ်ပြိုင် လေလံဆွဲခဲ့ကြပါတယ်။

Leather jacket worn by Nvidia CEO Jensen Huang auctions for over $1 million | The Straits Times

စတီဗ်ဂျော့ဘ်စ်ရဲ့ အနက်ရောင်လည်ဂုတ်မြင့် အင်္ကျီနဲ့ မာခ်ဇူကာဘတ်ရဲ့ မီးခိုးရောင် တီရှပ်တွေလိုပဲ စီအီးအို ဂျန်းဆန်ဟောင်းဟာ သားရေဂျာကင်ကို သူ့ရဲ့ ကိုယ်ပိုင်ဟန် ပုံစံတစ်ခုအဖြစ် ဝတ်ဆင်လေ့ရှိပါတယ်။

၂၀၂၁ ခုနှစ် တိုင်းမ် (Time) မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပါဝင်ခဲ့စဉ်ကအပါအဝင် လူထုရှေ့မှောက် ထွက်ပေါ်ပွဲတိုင်းလိုလိုမှာ သားရေဂျာကင်တွေကို ဝတ်ဆင်လေ့ရှိတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ Nvidia ဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။

Jensen Huang sports black leather jackets worth thousands of dollars | Fortune

အဲဒီလေလံပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို အင်္ဂလိပ်စာ သင်ကြားရေးနဲ့ အနောက်တိုင်း စီးပွားရေး၊ ပညာရေး နည်းလမ်းတွေကို ပညာရှင်တွေထံ သင်ကြားပေးနေတဲ့ Edge Institute အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Sotheby's ရဲ့ တာဝန်ရှိသူကတော့ အဲဒီဂျာကင်ဟာ အေအိုင် (AI) ခေတ်သစ်ရဲ့ ထင်ရှားသူတစ်ယောက်နဲ့ အနီးကပ် ဆက်စပ်နေတဲ့ အမှတ်တရ ပစ္စည်းတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Channel News Asia

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com