MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Air Freshener ထဲ ကင်မရာဝှက်ပြီး အမျိုးသမီးအိမ်သာထဲ ချောင်းရိုက်သူ ထောင်ဒဏ်ချမှတ်ခံရ
News
news၂၀၂၆ ဇွန် ၄

Air Freshener ထဲ ကင်မရာဝှက်ပြီး အမျိုးသမီးအိမ်သာထဲ ချောင်းရိုက်သူ ထောင်ဒဏ်ချမှတ်ခံရ

<p>စင်ကာပူနိုင်ငံမှာ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေကို ချောင်းရိုက်ဖို့အတွက် သန့်ရှင်းရေးသမားကို အပိုင်လိမ်ပြီး အမျိုးသမီးအိမ်သာထဲကို ခိုးဝင်ခဲ့ပါတယ်။ အသက်</p>

စင်ကာပူနိုင်ငံမှာ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေကို ချောင်းရိုက်ဖို့အတွက် သန့်ရှင်းရေးသမားကို အပိုင်လိမ်ပြီး အမျိုးသမီးအိမ်သာထဲကို ခိုးဝင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် အစ္စကန္ဒာ ကာမာရူဒင် (Iskandar Kamaruddin) ဆိုတဲ့ အဲဒီအမျိုးသားဟာ သူ့ကို အိမ်သာပြုပြင်ထိန်းသိမ်းဖို့ တာဝန်ပေးထားပါတယ်လို့ လိမ်ပြောခဲ့တာဖြစ်ပြီး Air Freshener ဘူးထဲမှာ အပ်ပေါက်ကင်မရာ (Pinhole camera) ဝှက်ထည့်ပြီး ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒီသန့်ရှင်းရေးသမားက Air Freshener ဘူး ကုန် မကုန် သွားစစ်ဆေးတဲ့အချိန်မှာ ဝှက်ထားတဲ့ ကင်မရာကို မိသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဟောင်းဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းမှာ အမျိုးသမီးအိမ်သာထဲ ဝင်ပြီး ကင်မရာကို လှုပ်ရှားမှုသိရှိရင် အလိုအလျောက် ဗီဒီယိုဖမ်းမယ့်စနစ် (Motion detection) ဖွင့်ကာ အိမ်သာခွက်ဆီ ဦးတည်ပြီး ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကင်မရာထဲမှာ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်အစိတ်အပိုင်းတွေ ဗီဒီယိုရိုက်မိသွားခဲ့ပါတယ်။ ကင်မရာကို သန့်ရှင်းရေးသမား တွေ့ရှိသွားပြီးနောက်မှာ အစ္စကန္ဒာဟာ လူမိမှာကြောက်လို့ မန်မိုရီကတ်ကို ခိုးယူပြီး သက်သေဖျောက်ဖို့ပါ ကြိုးစားခဲ့ပါသေးတယ်။

How Does Hidden Camera Work? - CCTV Camera, IP Camera, CCTV Singapore

နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က သူ့ကို စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့နေအိမ်မှာ ပျောက်ဆုံးနေတဲ့ မန်မိုရီကတ်နဲ့ အခြားကင်မရာအသေးတစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တရားလိုပြရှေ့နေက အစ္စကန္ဒာဟာ အကွက်ကျကျ အစီအစဉ်တကျနဲ့ လိမ်လည်လှည့်ဖြားပြီး ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်း တရားရုံးမှာ တင်ပြခဲ့ပါတယ်။ ဒါကြောင့် ဇွန်လ ၃ ရက် ဗုဒ္ဓဟူးနေ့မှာ တရားရုံးက သူ့ကို တရားမဝင် ကျူးကျော်ဝင်ရောက်မှုနဲ့ ချောင်းကြည့်ရိုက်ကူးမှု (Voyeurism) ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၂၈ ပတ် ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

Ref : Channel News Asia

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com