MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Messenger မှာ Screenshot ခိုးရိုက်ရင် တစ်ဖက်လူသိမယ်လို့ ဇူဇူ  သတိပေး
News
news၂၀၂၆ မေ ၂၆

Messenger မှာ Screenshot ခိုးရိုက်ရင် တစ်ဖက်လူသိမယ်လို့ ဇူဇူ  သတိပေး

<p>မက်ဆင်ဂျာ (Messenger) သုံးပြီး စကားပြောတာကို Screenshot ခိုးရိုက်တတ်တဲ့သူတွေ ရှိရင်တော့ သတိထားရတော့မှာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့</p>

မက်ဆင်ဂျာ (Messenger) သုံးပြီး စကားပြောတာကို Screenshot ခိုးရိုက်တတ်တဲ့သူတွေ ရှိရင်တော့ သတိထားရတော့မှာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ စီအီးအို မာ့ခ်ဇူကာဘတ်က အချိန်ပြည့်ရင် အလိုအလျောက် ပျောက်ပျက်သွားမယ့် မက်ဆေ့ခ်ျ (disappearing message)တွေကို တစ်ဖက်လူက Screenshot ရိုက်လိုက်တာနဲ့ မိမိဆီကို အကြောင်းကြားစာ (Notification) ချက်ချင်းရောက်လာမယ့် အပ်ဒိတ်အသစ်ကို ကြေညာလိုက်လို့ပါ။

ဇူကာဘတ်က ဒီစနစ် ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သူ့ဇနီးဖြစ်သူ ပရစ်စီလာချန်း (Priscilla Chan) နဲ့ ပြောထားတဲ့ ချတ်တင်ကို ပုံနဲ့တကွ ပြသပြီး သုံးစွဲသူတွေကို သတိပေးခဲ့ပါတယ်။

ဒီစနစ်ဟာ Snapchat မှာ နာမည်ကြီးခဲ့တဲ့ လုပ်ဆောင်ချက်မျိုးဖြစ်ပြီး အခုအခါမှာတော့ လုံခြုံရေးပိုင်း ပိုကောင်းလာအောင် Meta ကုမ္ပဏီပိုင် Instagram မှာပါ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခု အပ်ဒိတ်အသစ်မှာ လျှို့ဝှက်စကားပြောခန်းတွေထဲမှာ GIF အယ်နီမေးရှင်းတွေ၊ စတစ်ကာတွေနဲ့ Reactions တွေပါ သုံးလို့ရအောင် ဖန်တီးပေးထားပါတယ်။

အခုလောလောဆယ်မှာတော့ ဒီစနစ်ကို အမေရိကန်မှာ စတင်အသုံးပြုနေပြီဖြစ်ပြီး ဥရောပနိုင်ငံတွေဆီကိုလည်း ဆက်လက်ဖြန့်ချိပေးသွားဖို့ ရှိနေပါတယ်။

ဇူကာဘတ်ရဲ့ ဒီကြေညာချက်အောက်မှာတော့ မှတ်ချက်ပေါင်း ၉ သောင်းကျော်အထိ ထွက်ပေါ်လာပြီး အွန်လိုင်းအသုံးပြုသူတွေကြား အပြင်းအထန် ရေပန်းစားနေပါတယ်။

နည်းပညာအကွက်သိတဲ့ သုံးစွဲသူတွေကတော့ “Screen Recorder နဲ့ ဗီဒီယိုဖမ်းလိုက်မယ်” ၊ “တခြားဖုန်းတစ်လုံးနဲ့ လှမ်းရိုက်ရင် မိမှာမဟုတ်ဘူး” ဒါမှမဟုတ် “အင်တာနက်ပိတ်ပြီးမှ ရိုက်မယ်” ဆိုပြီး Notification မတက်အောင် ကျော်ဖြတ်မယ့် နည်းလမ်းတွေကို အပြိုင်အဆိုင် ရေးသားခဲ့ကြပါတယ်။

တချို့ကတော့ ဖေ့စ်ဘွတ်ခ်အနေနဲ့ အွန်လိုင်းလောကအတွက် အပ်ဒိတ်တွေလုပ်နေမယ့်အစား ပြင်ပလူမှုဘဝတွေ ပိုကောင်းလာအောင်ပဲ အားစိုက်စေချင်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

Ref: VT

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com