MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ChatGPT ကြောင့် နှစ် ၆၀ ကျော်ကြာ ပဟေဠိဖြစ်ခဲ့တဲ့ သင်္ချာပုစ္ဆာ အဖြေထွက်လာ
News
news၂၀၂၆ မေ ၆

ChatGPT ကြောင့် နှစ် ၆၀ ကျော်ကြာ ပဟေဠိဖြစ်ခဲ့တဲ့ သင်္ချာပုစ္ဆာ အဖြေထွက်လာ

<p>သင်္ချာလောကမှာ နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ဘယ်သူမှ အဖြေမထုတ်နိုင်ခဲ့တဲ့ ခက်ခဲနက်နဲလွန်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို ChatGPT က</p>

သင်္ချာလောကမှာ နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ဘယ်သူမှ အဖြေမထုတ်နိုင်ခဲ့တဲ့ ခက်ခဲနက်နဲလွန်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို ChatGPT က အဖြေရှာပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် လူငယ်လေး လီယမ်ပရိုက်စ်ဟာ ဟန်ဂေရီသင်္ချာပညာရှင်ကြီး ပေါလ်အားဒို့စ်ရဲ့ နာမည်ကျော် “Erdős problems” တွေထဲက တစ်ခုကို GPT-5.4 ဆီမှာ မေးမြန်းရင်းနဲ့ အဖြေကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာပါ။

အရင်က AI ထုတ်ပေးတဲ့ သင်္ချာအဖြေတွေဟာ အမှားများတာ ဒါမှမဟုတ် ရှိပြီးသားကို ပြန်ပြောတာမျိုးပဲ ရှိခဲ့ပေမဲ့ အခုတစ်ခေါက် အဖြေကတော့ တကယ့်ကို ထူးခြားဆန်းသစ်နေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ChatGPT: Everything you need to know about the AI chatbot

နာမည်ကျော် သင်္ချာပါရမီရှင် တဲရင့်စ်တောင်းရဲ့ အဆိုအရ ဒီပုစ္ဆာကို အရင်က လူသားပညာရှင်တွေ ဝိုင်းဝန်းဖြေရှင်းခဲ့စဉ်မှာ အစကတည်းက လမ်းကြောင်းအနည်းငယ် လွဲချော်နေခဲ့ကြတာပါ။

ဒါပေမဲ့ ChatGPT ကတော့ ဘယ်သူမှ ထည့်မစဉ်းစားမိတဲ့ ဖော်မြူလာတစ်ခုကို အသုံးချပြီး လုံးဝမတူညီတဲ့ နည်းလမ်းနဲ့ အဖြေရှာပြသွားခဲ့ပါတယ်။

ဒါဟာ AI အနေနဲ့ လူသားတွေ ပိတ်မိနေတဲ့ အတွေးအခေါ်ဘောင်ထဲကနေ ဖောက်ထွက်ပြီး တကယ် စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိနေပြီလားဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။

ChatGPT back online after outage which hit thousands worldwide

ဒါပေမဲ့ ChatGPT ရဲ့ မူရင်းအဖြေကတော့ တိုက်ရိုက်ယူသုံးလို့ရတဲ့အထိ ပြည့်စုံမနေဘဲ အတော်လေး ရှုပ်ထွေးနေပါသေးတယ်။ ဒါကြောင့် စတန်းဖို့ဒ်တက္ကသိုလ်က သင်္ချာပညာရှင်တွေက အဲဒီအဖြေကို အသေးစိတ် ပြန်လည်စိစစ်ပြီး အချောသတ်ပေးခဲ့ရတာပါ။

အခုတွေ့ရှိချက်ဟာ ကိန်းဂဏန်းကြီးတွေရဲ့ သဘာဝကို လေ့လာရာမှာ နည်းလမ်းသစ်တွေ ပွင့်သွားစေမယ့် အောင်မြင်မှုတစ်ခု ဖြစ်ပေမဲ့ အရင်ကလည်း AI ရဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ မှားယွင်းခဲ့တာမျိုး ရှိဖူးတာကြောင့် အခုအဖြေကိုလည်း သတိထားပြီး ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Futurism

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com