MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI နဲ့ အစားထိုးဖို့ ဝန်ထမ်း ၈,၀၀၀ ကို ဖြုတ်ချလိုက်တဲ့ Meta
News
news၂၀၂၆ မေ ၂၂

AI နဲ့ အစားထိုးဖို့ ဝန်ထမ်း ၈,၀၀၀ ကို ဖြုတ်ချလိုက်တဲ့ Meta

<p>Facebook ၊ WhatsApp နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Meta ဟာ တစ်ကမ္ဘာလုံးက</p>

Facebook ၊ WhatsApp နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Meta ဟာ တစ်ကမ္ဘာလုံးက ဝန်ထမ်းအင်အားရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၈,၀၀၀ ဝန်းကျင်ကို အလုပ်ထုတ်ပယ်မယ့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့က စတင်လိုက်ပါတယ်။

အဆင့် ၃ ဆင့်နဲ့ လုပ်ဆောင်မယ့် ဒီအလုပ်ထုတ်ပွဲမှာ အမုန်းစကားနဲ့ မလိုလားအပ်တဲ့အကြောင်းအရာတွေကို ဖယ်ရှားပေးရတဲ့အဖွဲ့ (Integrity team)၊ ဆိုင်ဘာလုံခြုံရေးနဲ့ ကွန်တင့်ဒီဇိုင်းဌာနတို့က ဝန်ထမ်းတွေ အရင်ဆုံး ဓားစာခံဖြစ်သွားခဲ့ရပါတယ်။

အလုပ်ပြုတ်သွားတဲ့ အမေရိကန်အခြေစိုက် ဝန်ထမ်းတွေကိုတော့ နှစ်နာကြေးအနေနဲ့ ၁၆ ပတ်စာလစာအပြင် လုပ်သက်တစ်နှစ်ရှိတိုင်း နောက်ထပ် ၂ ပတ်စာ လစာငွေ ထပ်ဆောင်းပေးသွားမယ်လို့ သိရပါတယ်။

FILE PHOTO: A logo of Meta AI sits outside the Meta House on the opening day of the 55th annual meeting of the World Economic Forum in Davos, Switzerland, January 20, 2025. REUTERS/Yves Herman//File Photo/File Photo

ဒီထက် ပိုဆိုးတာက Meta ဟာ ဝန်ထမ်းအသစ် ၆,၀၀၀ ခန့်အပ်မယ့် အစီအစဉ်ကိုပါ ဖျက်သိမ်းလိုက်ပြီး လက်ရှိဝန်ထမ်း ၇,၀၀၀ ကိုတော့ AI နည်းပညာပိုင်းဆီ ရွှေ့ပြောင်း တာဝန်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ အကြီးအကဲ မာ့ခ်ဇူကာဘတ်ဟာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပြီး AI စနစ်ကို လေ့ကျင့်ပေးဖို့ ကြိုးစားနေတာကြောင့် ဝန်ထမ်းတွေကြားထဲမှာ စိတ်ဓာတ်ကျဆင်းမှုတွေ အကြီးအကျယ် ဖြစ်နေပါတယ်။

ဝန်ထမ်းတစ်ဦးကတော့ “သူတို့နေရာမှာ ပြန်အစားထိုးမယ့် AI ကို လေ့ကျင့်ပေးဖို့အတွက် ဝန်ထမ်းတွေကိုပဲ ပြန်အသုံးချနေတာ” လို့ ရင်ဖွင့်ထားပြီး၊ နှစ်စဉ်လစာတိုးမြှင့်မှုတွေပါ လျှော့ချခံရတာကြောင့် ဝန်ထမ်း ၁,၅၀၀ ကျော်က သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မကောက်ယူဖို့ လက်မှတ်ရေးထိုး ကန့်ကွက်ထားကြပါတယ်။

Meta Layoffs: Singapore Staff Hit First as Zuckerberg Cuts 8,000 Jobs in Global AI Restructuring

လက်ရှိမှာ Meta ကုမ္ပဏီဟာ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံကနေ ၁၄၅ ဘီလီယံအထိ အဆမတန် သုံးစွဲဖို့ ပြင်ဆင်နေပါတယ်။

ဂိုးမန်းဆက် (Goldman Sachs) ရဲ့ လေ့လာမှုအရ ဒီနှစ်ထဲမှာ AI နည်းပညာ အစားထိုးဝင်ရောက်လာမှုကြောင့် တစ်လကို ဝန်ထမ်းဦးရေ ၁၆,၀၀၀ ကျော် အလုပ်ပြုတ်နေရပြီး၊ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ စစ်စကို (Cisco) ကလည်း ဝန်ထမ်း ၄,၀၀၀ ကျော်ကို ထပ်မံလျှော့ချဖို့ ပြင်ဆင်နေတဲ့အတွက် နည်းပညာလောကရဲ့ ဝန်ထမ်းတွေအဖို့ အနာဂတ်ဟာ ရင်လေးစရာ ဖြစ်လာနေပါတယ်။

Ref: Aljazeera

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com