MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Meta ဝန်ထမ်းတွေရဲ့ Mouse အသုံးပြုမှု စောင့်ကြည့်တဲ့ နည်းပညာအပေါ် ကန့်ကွက်ဆန္ဒပြမှု
News
news၂၀၂၆ မေ ၁၅

Meta ဝန်ထမ်းတွေရဲ့ Mouse အသုံးပြုမှု စောင့်ကြည့်တဲ့ နည်းပညာအပေါ် ကန့်ကွက်ဆန္ဒပြမှု

<p>မေလ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံရှိ Meta ရုံးခွဲအသီးသီးမှာ ဝန်ထမ်းတွေရဲ့ ကွန်ပျူတာ Mouse အသုံးပြုမှုကို</p>

မေလ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံရှိ Meta ရုံးခွဲအသီးသီးမှာ ဝန်ထမ်းတွေရဲ့ ကွန်ပျူတာ Mouse အသုံးပြုမှုကို စောင့်ကြည့်မှတ်တမ်းတင်မယ့် ဆော့ဖ်ဝဲလ် အသစ်ထည့်သွင်းမှုကို ဝန်ထမ်းတွေက လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီလက်ကမ်းစာစောင်တွေကို အစည်းအဝေးခန်းမတွေ၊ အလိုအလျောက် ရောင်းချတဲ့စက်တွေနဲ့ အိမ်သာတွေထဲအထိ လိုက်လံကပ်ထားခဲ့ကြပြီး ကုမ္ပဏီကို “ဝန်ထမ်းဒေတာ ထုတ်ယူတဲ့ စက်ရုံ” လို့ တင်စားကာ အွန်လိုင်းကနေ လက်မှတ်ရေးထိုး ကန့်ကွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီဆန္ဒပြမှုဟာ Meta က ဝန်ထမ်းအင်အား ၁၀ ရာခိုင်နှုန်းကို အလုပ်ထုတ်ပယ်ဖို့ မစီစဉ်ခင် တစ်ပတ်အလိုမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Meta employees distributed flyers at multiple US offices to protest against the company’s recent installation of mouse-tracking software on their computers.

Meta ဘက်ကတော့ ဒီနည်းပညာဟာ ဝန်ထမ်းတွေကို စောင့်ကြည့်ဖို့ မဟုတ်ဘဲ လူတွေရဲ့ ကွန်ပျူတာ အသုံးပြုပုံ (ဥပမာ- Mouse ရွှေ့တာ၊ ခလုတ်နှိပ်တာနဲ့ မီနူးတွေ ရှာဖွေတာ) ကို နမူနာယူပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကူညီပေးမယ့် AI စနစ်တွေ တည်ဆောက်ဖို့အတွက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ ဝန်ထမ်းတွေကတော့ ဒါဟာ လုပ်ငန်းခွင်အတွင်း အတင်းအကျပ် စောင့်ကြည့်ခံရတာ ဖြစ်တယ်လို့ ယူဆနေကြပါတယ်။ ဗြိတိန်နိုင်ငံမှာရှိတဲ့ Meta ဝန်ထမ်းတွေကလည်း လုပ်ငန်းခွင် အခြေအနေတွေ ပိုမိုကောင်းမွန်လာဖို့အတွက် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့အထိ စတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

Meta Staff Stage Protest Over Mouse-Tracking Software In US Offices – Arise News

အလုပ်သမားသမဂ္ဂ ဖြစ်မြောက်ရေး ဆောင်ရွက်သူတွေကတော့ Meta စီမံခန့်ခွဲမှုပိုင်းရဲ့ မှားယွင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အခုလို ဝန်ထမ်းတွေက အလုပ်ပြုတ်မယ့်အန္တရာယ်၊ အတင်းအကျပ် စောင့်ကြည့်ခံရတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

အထူးသဖြင့် ဝန်ထမ်းတွေအနေနဲ့ သူတို့ကို ပြန်လည်အစားထိုးမယ့် AI စနစ်တွေကို သူတို့ကိုယ်တိုင် ပြန်ပြီး လေ့ကျင့်ပေးနေရသလို ဖြစ်နေတာက “ရက်စက်တဲ့ လက်တွေ့ဘဝ” ပဲလို့ ဝေဖန်ထောက်ပြထားပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး Meta ဝန်ထမ်းတွေကြားမှာ မကျေနပ်မှုတွေ ပြင်းထန်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

Ref: The Straits Times

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com