MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အမြင်အာရုံချို့ယွင်းနေတဲ့ အမေရိကန် စစ်မှုထမ်းဟောင်း ၁ သိန်း ၃ သောင်းကျော်ကို Meta က AI စမတ်မျက်မှန်တွေ အခမဲ့ ပေးအပ်
News
news၂၀၂၆ ဇူလိုင် ၈

အမြင်အာရုံချို့ယွင်းနေတဲ့ အမေရိကန် စစ်မှုထမ်းဟောင်း ၁ သိန်း ၃ သောင်းကျော်ကို Meta က AI စမတ်မျက်မှန်တွေ အခမဲ့ ပေးအပ်

<p>Meta ကုမ္ပဏီဟာ အမေရိကန်နိုင်ငံမှာ ရှိတဲ့ အမြင်အာရုံ ချို့ယွင်းနေတဲ့ စစ်မှုထမ်းဟောင်း ၁ သိန်း ၃</p>

Meta ကုမ္ပဏီဟာ အမေရိကန်နိုင်ငံမှာ ရှိတဲ့ အမြင်အာရုံ ချို့ယွင်းနေတဲ့ စစ်မှုထမ်းဟောင်း ၁ သိန်း ၃ သောင်းကျော်အတွက် တန်ဖိုးရှိတဲ့ Ray-Ban Meta AI စမတ်မျက်မှန်တွေကို အခမဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်၊၊ အဲဒီအစီအစဉ်ဟာ စစ်မှုထမ်းဟောင်းတွေရဲ့ နေ့စဉ်လူနေမှုဘဝကို ကိုယ့်အားကိုယ်ကိုးပြီး အဆင်ပြေစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်၊၊

Tech Giant Offering Free AI Glasses To 130,000 Blind Veterans

အဲဒီ AI စမတ်မျက်မှန်တွေမှာ ကင်မရာနဲ့ အသံနဲ့ ခိုင်းစေနိုင်တဲ့ စနစ်တွေ ပါဝင်တာကြောင့် စာဖတ်ပြတာ၊ အရာဝတ္ထုတွေကို ခွဲခြားပြတာနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို ဖော်ပြပေးတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်၊၊ ဒါ့အပြင် တပ်ဆင်ထားသူ မြင်တွေ့ရတဲ့ အရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးရင်လည်း ပြန်လည်ဖြေကြားပေးနိုင်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လွယ်ကူစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်၊၊

Meta is giving 130K US veterans free AI glasses | Social Media Today

အဲဒီအစီအစဉ်ဟာ ပင်လယ်ကွေ့စစ်ပွဲအတွင်း အမြင်အာရုံ ဆုံးရှုံးခဲ့ရတဲ့ အမေရိကန် စစ်မှုထမ်းဟောင်း Don Overton ရဲ့ အတွေ့အကြုံကနေ စတင်ခဲ့တာ ဖြစ်ပါတယ်၊၊ သူဟာ အဲဒီမျက်မှန်ရပြီးနောက်မှာ နှစ်ပေါင်းများစွာ မလုပ်နိုင်ခဲ့တဲ့ အလုပ်တွေကို လုပ်နိုင်လာခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းတွေအနေနဲ့ အဲဒီမျက်မှန်တွေကို အခမဲ့ ရရှိမှာ ဖြစ်ပြီး Blinded Veterans Association နဲ့ အခြား အကူအညီပေးရေး အဖွဲ့အစည်းတွေကနေတစ်ဆင့် အသုံးပြုနည်း သင်တန်းနဲ့ လိုအပ်တဲ့ အကူအညီတွေကိုလည်း ဆက်လက် ရရှိသွားမှာ ဖြစ်ပါတယ်၊၊

Ref : Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com