MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI အတွက် စွမ်းအင်ကို အာကာသထဲကနေ လှမ်းပို့မယ့် Meta
News
news၂၀၂၆ မေ ၄

AI အတွက် စွမ်းအင်ကို အာကာသထဲကနေ လှမ်းပို့မယ့် Meta

<p>AI နည်းပညာတွေအတွက် လျှပ်စစ်ဓာတ်အား ရေလိုသောက်သုံးနေရတဲ့ Meta ကုမ္ပဏီဟာ အခုဆိုရင် ကောင်းကင်ယံကနေ စွမ်းအင်ယူဖို့အထိ ကြံစည်နေပါပြီ။</p>

AI နည်းပညာတွေအတွက် လျှပ်စစ်ဓာတ်အား ရေလိုသောက်သုံးနေရတဲ့ Meta ကုမ္ပဏီဟာ အခုဆိုရင် ကောင်းကင်ယံကနေ စွမ်းအင်ယူဖို့အထိ ကြံစည်နေပါပြီ။

Meta ဟာ Overview Energy ဆိုတဲ့ Startup နဲ့ ပူးပေါင်းပြီး အာကာသထဲက ဂြိုဟ်တုအစင်းပေါင်း တစ်ထောင်ကနေတစ်ဆင့် အနီအောက်ရောင်ခြည် (Infrared) တန်းတွေကို ကမ္ဘာပေါ်က ဆိုလာစက်ရုံတွေဆီ ညဘက်မှာ လှမ်းပြီးပစ်လွှတ်ပေးမယ့် ထူးခြားတဲ့ စီမံကိန်းကို လက်မှတ်ရေးထိုးလိုက်တာပါ။

ဒီနည်းပညာကြောင့် နေဝင်သွားရင်တောင် ဆိုလာပြားတွေက လျှပ်စစ်ဓာတ်အား ဆက်တိုက်ထုတ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

A rendering of Overview Energy's solar power satellite.

Virginia အခြေစိုက် Overview Energy က ဖော်ဆောင်နေတဲ့ ဒီနည်းပညာဟာ အာကာသထဲမှာ အလျှံပယ်ရှိနေတဲ့ နေရောင်ခြည်ကို စုဆောင်းပြီး အနီအောက်ရောင်ခြည်အဖြစ် ပြောင်းလဲကာ မြေပြင်ကို ပြန်ပို့ပေးမှာပါ။

အရင်က စမ်းသပ်ခဲ့ဖူးတဲ့ လေဆာ ဒါမှမဟုတ် မိုက်ခရိုဝေ့ဖ်လှိုင်းတွေနဲ့ စွမ်းအင်ပို့တဲ့စနစ်တွေထက် ပိုပြီးဘေးကင်းသလို၊ ကုမ္ပဏီ CEO ကတော့ ဒီဂြိုဟ်တုကလွှတ်တဲ့ အလင်းတန်းကို လူတွေက မျက်စိနဲ့ တည့်တည့်ကြည့်ရင်တောင် ဘာမှမဖြစ်ဘူးလို့ အာမခံထားပါတယ်။

ဒါဟာ ညဘက်ဆိုရင် အလုပ်မလုပ်တော့တဲ့ ဆိုလာစက်ရုံတွေရဲ့ အားနည်းချက်ကို အာကာသနည်းပညာနဲ့ အနိုင်ယူလိုက်တာပဲ ဖြစ်ပါတယ်။

Meta inks deal for solar power at night, beamed from space

Meta ကတော့ ဒီစီမံကိန်းကနေ လျှပ်စစ်စွမ်းအင် ၁ ဂစ်ဂါဝပ် (အမေရိကန်အိမ်ခြေ သိန်းချီသုံးနိုင်တဲ့ပမာဏ) အထိ ရယူဖို့ ကြိုတင်စာရင်းပေးထားပါတယ်။

Overview Energy ဟာ ပထမဆုံး စမ်းသပ်ဂြိုဟ်တုကို ၂၀၂၈ ခုနှစ်မှာ လွှတ်တင်မှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ ဂြိုဟ်တုအစင်း ၁,၀၀၀ နဲ့ ကမ္ဘာ့မြေပုံရဲ့ သုံးပုံတစ်ပုံအထိ အလင်းပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။

Ref: Techcrunch

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com