MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လူတူစက်ရုပ် ထုတ်တော့မယ့် Meta
News
news၂၀၂၆ ဩဂုတ် ၅

လူတူစက်ရုပ် ထုတ်တော့မယ့် Meta

<p>Meta ကုမ္ပဏီဟာ AI မော်ဒယ် တွေနဲ့ Virtual World တွေအပြင် အခုတော့ လူတူစက်ရုပ်ပြိုင်ပွဲထဲဝင်ရောက်တော့မှာပါ။</p>

Meta ကုမ္ပဏီဟာ AI မော်ဒယ် တွေနဲ့ Virtual World တွေအပြင် အခုတော့ လူတူစက်ရုပ်ပြိုင်ပွဲထဲဝင်ရောက်တော့မှာပါ။ Meta ဟာ လူတူစက်ရုပ်တွေအတွက် AI မော်ဒယ်တွေ တီထွင်နေတဲ့ Assured Robot Intelligence (ARI) စတာ့အပ် ကုမ္ပဏီကို ဝယ်ယူလိုက်ပါတယ်။

အဲဒီဝယ်ယူမှုကြောင့် ARI ရဲ့ ရိုဘော့သုတေသနပညာရှင်တွေ ဖြစ်တဲ့ Lerrel Pinto နဲ့ Xiaolong Wang အပါအဝင် အဖွဲ့သားတွေဟာ Meta ရဲ့ Superintelligence Labs ဌာနဆီ ပူးပေါင်းသွားမှာဖြစ်ပြီး အဆင့်မြင့် လူတူစက်ရုပ် ဉာဏ်ရည်နဲ့ ထိန်းချုပ်ရေးစနစ်တွေကို ရေးဆွဲသွားမှာပါ။

ARI ကုမ္ပဏီဟာ စက်ရုပ်တွေရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ AI စနစ်ကို အဓိကထား တီထွင်တာဖြစ်ပြီး စက်ပစ္စည်းတွေအနေနဲ့ ပတ်ဝန်းကျင်ကို နားလည်နိုင်ဖို့၊ လုပ်ဆောင်ချက်တွေကို ခန့်မှန်းနိုင်ဖို့၊ အတွေ့အကြုံကနေ သင်ယူနိုင်ဖို့နဲ့ လူတွေရဲ့ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ ဆောင်ရွက်နိုင်ဖို့ ကူညီပေးတာဖြစ်ပါတယ်။

အဲဒီနည်းပညာဟာ အနာဂတ် လူတူစက်ရုပ်တွေအနေနဲ့ ကာယလုပ်ငန်းတွေနဲ့ အိမ်တွင်းကိစ္စတွေ အပါအဝင် လက်တွေ့ကမ္ဘာရဲ့ လုပ်ငန်းတွေကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်စွမ်း ရှိလာအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဝန်ထမ်း ၂၀ ခန့်ရှိတဲ့ အဲဒီ စတာ့အပ်ကို ဝယ်ယူခဲ့တဲ့ ငွေကြေးပမာဏကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

After cutting down on Metaverse, Mark Zuckerberg plans comeback with Meta humanoid robots - India Today

အခုဝယ်ယူမှုကြောင့် Meta ဟာ Tesla၊ Google နဲ့ Amazon တို့လို လူတူစက်ရုပ်နည်းပညာ ပြိုင်ဆိုင်နေတဲ့ အဓိက နည်းပညာဘီလူးကြီးတွေနဲ့အတူ ပြိုင်ပွဲထဲ အရှိန်အဟုန်မြှင့် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ Meta ဘက်ကတော့  လူတူစက်ရုပ်ကို ရောင်းချသွားမယ်လို့ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ အနာဂတ် စက်ရုပ်တွေကို မောင်းနှင်ပေးနိုင်မယ့် AI နည်းပညာ တီထွင်ဖို့ပေါ်မှာပဲ အဓိက အာရုံစိုက်ထားတာ ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com