MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI အသွင်ကူးပြောင်းရေးမှာ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းလောက်ကို အလုပ်ဖြုတ်ဖို့ Meta စီစဉ်
News
news၂၀၂၆ စက်တင်ဘာ ၄

AI အသွင်ကူးပြောင်းရေးမှာ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းလောက်ကို အလုပ်ဖြုတ်ဖို့ Meta စီစဉ်

<p>Meta ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ဟာ ကုမ္ပဏီကို ဉာဏ်ရည်တု (AI) နည်းပညာနဲ့</p>

Meta ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ဟာ ကုမ္ပဏီကို ဉာဏ်ရည်တု (AI) နည်းပညာနဲ့ အဓိကထား ဖွဲ့စည်းဖို့ ရည်ရွယ်တဲ့ Project OT ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ AI တွေက ဝန်ထမ်းတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အစားထိုး လုပ်ဆောင်ပေးမှာဖြစ်လို့ တချို့အဖွဲ့တွေမှာ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့ မေလအတွင်းက လုပ်ငန်းခွင်အင်အားရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ အလုပ်ဖြုတ်ခဲ့ပါတယ်။

Meta Platforms by Primakov via Shutterstock

ဒုတိယအကြိမ် ဝန်ထမ်းထပ်မံလျှော့ချဖို့ စီစဉ်ထားခဲ့ပေမယ့် ဝန်ထမ်းတွေရဲ့ ကန့်ကွက်မှုတွေနဲ့အတူ AI ကိရိယာတွေဟာ မျှော်လင့်ထားသလို စွမ်းဆောင်ရည် တိုးတက်မလာတာကြောင့် အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ လက်ရှိမှာ အလုပ်ဖြုတ်မယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာဟာ AI နည်းပညာက လူသားတွေရဲ့ လုပ်အားကို ဘယ်လောက်မြန်မြန် အစားထိုးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲရေးအဖွဲ့က ဆက်လက်လေ့လာနေဆဲဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။

Mark Zuckerberg says Meta will layoff 10,000 more employees

အဲဒီလို အခြေအနေတွေကြောင့် အခုနှစ်အစပိုင်းနဲ့ နှိုင်းယှဉ်ရင် Meta  စတော့ရှယ်ယာဈေးနှုန်းဟာ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ ဒုတိယသုံးလပတ်မှာ Meta ရဲ့ ကုန်ကျစရိတ်တွေက ၅၅ ရာခိုင်နှုန်း ခုန်တက်သွားပြီး ဒေါ်လာ ၄၂ ဒသမ ၀၃ ဘီလီယံအထိ ရှိလာသလို ၂၀၂၆ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကိုလည်း ဒေါ်လာ ၁၃၀ ဘီလီယံကနေ ၁၄၅ ဘီလီယံအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အချိန်တိုအတွင်းမှာ အရေးပါတဲ့ စတော့ရှယ်ယာဈေးနှုန်း အမှတ် ၅၉၂ ဒေါ်လာကို စောင့်ကြည့်သင့်ပါတယ်။

Ref : yahoo

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com