MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
OpenAI နဲ့ Google ကို စိန်ခေါ်ဖို့ Meta က Muse Spark AI ကို မိတ်ဆက်
News
news၂၀၂၆ ဧပြီ ၂၀

OpenAI နဲ့ Google ကို စိန်ခေါ်ဖို့ Meta က Muse Spark AI ကို မိတ်ဆက်

<p>Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ OpenAI နဲ့ Google တို့ရဲ့ ကြီးစိုးမှုကို</p>

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ OpenAI နဲ့ Google တို့ရဲ့ ကြီးစိုးမှုကို အဆုံးသတ်ဖို့အတွက် သူတို့ရဲ့ ပထမဆုံးသော “စူပါအသိဉာဏ်” (Superintelligence) မော်ဒယ် Muse Spark ကို မိတ်ဆက်လိုက်ပါတယ်။

ဒီ AI အသစ်ဟာ အရင်က Llama မော်ဒယ်တွေလို လူတိုင်းသုံးနိုင်တဲ့ Open-source မဟုတ်တော့ဘဲ Meta ရဲ့ ကိုယ်ပိုင်ဂေဟစနစ်ထဲမှာပဲ သီးသန့်စွမ်းဆောင်ရည်ပြမယ့် လက်နက်သစ်တစ်ခုပါ။

လက်ရှိမှာ Meta AI ဝက်ဘ်ဆိုက်မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး မကြာခင်မှာ WhatsApp၊ Instagram နဲ့ AI မျက်မှန်တွေဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Photos: AI Meta.com

Muse Spark ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည်ကတော့ အသုံးပြုသူရဲ့ လိုအပ်ချက်အရ အပြောင်းအလဲလုပ်နိုင်တဲ့ အဆင့် ၃ ဆင့်ပါဝင်တာပါ။

နေ့စဉ်မေးခွန်းတွေအတွက် အလွန်မြန်ဆန်တဲ့ “Instant Mode”၊ ခိုင်မာတဲ့ ယုတ္တိဗေဒသုံးရမယ့် “Thinking Mode” နဲ့ အဆင့်မြင့်သိပ္ပံ သို့မဟုတ် သင်္ချာတွက်ချက်မှုတွေအတွက် အေးအေးဆေးဆေး စဉ်းစားတွက်ချက်ပေးတဲ့ “Contemplating Mode” တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ဓာတ်ပုံတစ်ပုံကို ကြည့်ရုံနဲ့ အစားအစာထဲမှာပါတဲ့ ကယ်လိုရီကို တွက်ချက်ပေးနိုင်သလို၊ အိမ်တွင်းပစ္စည်းတွေ ပျက်စီးရင်လည်း ဓာတ်ပုံရိုက်ပြရုံနဲ့ ပြုပြင်နည်းလမ်းညွှန်တွေကို ဖန်တီးပေးနိုင်တဲ့အထိ ပါးနပ်ပါတယ်။

Meta unveils Muse Spark AI to rival Google, OpenAI; stock rallies 7% | Mint

Meta ဟာ ဒီပရောဂျက်အတွက် AI နယ်ပယ်က ထိပ်တန်းပညာရှင် Alexandr Wang ကို ဦးစီးစေခဲ့တာပါ။ Muse Spark ဟာ ရိုးရိုး Chatbot တစ်ခုထက်မကဘဲ အဝတ်အစား ရွေးချယ်ပေးတာကနေ အဆင့်မြင့်ကျန်းမာရေး အကြံပေးမှုတွေအထိ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ Meta အနေနဲ့ သူတို့ရဲ့ အက်ပလီကေးရှင်းတွေမှာ AI ကို အသားကျအောင် ပေါင်းစပ်ပြီး အသုံးပြုသူတွေရဲ့ နေထိုင်မှုဘဝကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ အနီးကပ်ဆုံး ထိန်းချုပ်သွားမယ့် မဟာဗျူဟာသစ်ပဲ ဖြစ်ပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com