MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး AI ကို သင်ကြားပေးမယ့် Meta ရဲ့ အစီအစဉ်အသစ်
News
news၂၀၂၆ ဧပြီ ၂၃

ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး AI ကို သင်ကြားပေးမယ့် Meta ရဲ့ အစီအစဉ်အသစ်

<p>Meta ကုမ္ပဏီဟာ သူတို့ရဲ့ AI မော်ဒယ်တွေကို ပိုမိုထက်မြက်လာအောင် လေ့ကျင့်ပေးဖို့အတွက် ဝန်ထမ်းတွေရဲ့ ကီးဘုတ်ရိုက်ချက်၊ မောက်စ်အသုံးပြုမှုနဲ့</p>

Meta ကုမ္ပဏီဟာ သူတို့ရဲ့ AI မော်ဒယ်တွေကို ပိုမိုထက်မြက်လာအောင် လေ့ကျင့်ပေးဖို့အတွက် ဝန်ထမ်းတွေရဲ့ ကီးဘုတ်ရိုက်ချက်၊ မောက်စ်အသုံးပြုမှုနဲ့ ကွန်ပျူတာစခရင်ပုံတွေအထိပါ စောင့်ကြည့်မှတ်တမ်းတင်မယ့် Model Capability Initiative ဆိုတဲ့ ဆော့ဖ်ဝဲသစ်တစ်ခုကို အသုံးပြုတော့မှာဖြစ်ပါတယ်။

အဲဒီအစီအစဉ်ဟာ အမေရိကန်မှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ကန်ထရိုက်တာတွေရဲ့ လုပ်ငန်းခွင်သုံး Laptop တွေမှာ မဖြစ်မနေ ထည့်သွင်းရမှာဖြစ်ပြီး ငြင်းဆန်ပယ်ဖျက်ခွင့် (Opt-out) လုံးဝမရှိဘူးလို့ ကုမ္ပဏီရဲ့ နည်းပညာအရာရှိချုပ် Andrew Bosworth က အတည်ပြုထားပါတယ်။

Meta will track employee mouse movements and keystrokes, report says | Mashable

ဒီစောင့်ကြည့်မှုမှာ Gmail နဲ့ GChat လိုမျိုး အလုပ်နဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တွေနဲ့ အက်ပ်တွေ ပါဝင်မှာဖြစ်ပြီး လူတွေကွန်ပျူတာကို အသုံးပြုပုံ၊ ဖြတ်လမ်းခလုတ် (Shortcuts) တွေ သုံးပုံတွေကို AI က အသေးစိတ်သင်ယူသွားမှာပါ။

ကုမ္ပဏီဘက်ကတော့ ဒီအချက်အလက်တွေကို AI လေ့ကျင့်ဖို့အတွက်ပဲ သုံးမှာဖြစ်ပြီး ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်တဲ့နေရာမှာ အသုံးမပြုဘူးလို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေကြားမှာတော့ ဒီလို အလွန်အကျွံ စောင့်ကြည့်ခံရတဲ့အပေါ် မကျေနပ်မှုတွေနဲ့ စိုးရိမ်မှုတွေ တော်တော်လေး မြင့်တက်နေပါတယ်။

Meta installs surveillance software on employee PCs to train AI agents that could replace them — BigGo Finance

နည်းပညာနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒါဟာ လုပ်ငန်းခွင်အတွင်း ကိုယ်ရေးကိုယ်တာကို အဆိုးဝါးဆုံး ကျူးကျော်စောင့်ကြည့်မှုတစ်ခုလို့ ဝေဖန်နေကြပါတယ်။

“ဝန်ထမ်းတွေဟာ သူတို့ရဲ့ အလုပ်တွေကို အစားထိုးမယ့် AI စနစ်တွေအတွက် ကိုယ်တိုင် သင်ကြားပေးနေရသလို ဖြစ်နေတယ်” လို့ ပညာရှင်အချို့က ထောက်ပြထားပါတယ်။ ဒါဟာ အနာဂတ်မှာ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကို AI က အလုံးစုံ အစားထိုးနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်နိုင်ပါတယ်။

တစ်ဖက်မှာလည်း Meta ဟာ AI နည်းပညာအတွက် ဒေါ်လာ ၁၃၅ ဘီလီယံကျော်အထိ ရင်းနှီးမြှုပ်နှံနေသလို၊ လာမယ့် မေလ ၂၀ ရက်နေ့ကစပြီး ဝန်ထမ်းအင်အား ၈,၀၀၀ ခန့် (စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း) ကို အလုပ်ထုတ်ဖို့ စီစဉ်နေပါတယ်။

၂၀၂၂ ခုနှစ်ကတည်းကဆိုရင် Meta ဟာ အလုပ်အကိုင်ပေါင်း ၂၅,၀၀၀ ကျော်ကို လျှော့ချခဲ့ပြီး ဖြစ်တာကြောင့် အခုလို ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေကို AI အတွက် အချက်အလက်အဖြစ် ပြန်သုံးနေတဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ပိုပြီး ပြင်းထန်လာနေပါတယ်။

Ref: Cnet

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com