MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဇူဇူရဲ့  Threads အသုံးပြုသူ သန်း ၅၀၀ ပြည့်မြောက်လာ
News
news၂၀၂၆ ဇွန် ၂၀

ဇူဇူရဲ့  Threads အသုံးပြုသူ သန်း ၅၀၀ ပြည့်မြောက်လာ

<p>မက်တာ (Meta) ကုမ္ပဏီရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Threads ဟာ စတင်မိတ်ဆက်ပြီး ၃ နှစ်အကြာမှာပဲ လစဉ်အသုံးပြုသူ</p>

မက်တာ (Meta) ကုမ္ပဏီရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Threads ဟာ စတင်မိတ်ဆက်ပြီး ၃ နှစ်အကြာမှာပဲ လစဉ်အသုံးပြုသူ အရေအတွက် သန်း ၅၀၀ အထိ ရှိလာပြီလို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

ဒါဟာ တွစ်တာ (Twitter) ကို ယှဉ်ပြိုင်ဖို့အတွက် အသုံးပြုသူ ၁ ဘီလီယံရရှိအောင် လုပ်ဆောင်မယ်ဆိုတဲ့ စီအီးအို မာ့ခ်ဇူကာဘတ်ရဲ့ ရည်မှန်းချက် ထက်ဝက်နီးပါးကို ရောက်ရှိလာတာဖြစ်ပြီး Threads ရဲ့ အသုံးပြုသူအရေအတွက် ကျဆင်းနေတယ်ဆိုတဲ့ ပြင်ပခန့်မှန်းချက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

တွစ်တာကို အီလွန်မတ်စ် ဝယ်ယူပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကြားမှာ Threads ဟာ နိုင်ငံရေးကိစ္စတွေကို ရှောင်ရှားခဲ့ရာကနေ အခုအခါမှာတော့ ယဉ်ကျေးမှုအရရော နိုင်ငံရေးအရပါ ပိုမိုအရေးပါတဲ့ ပလက်ဖောင်းတစ်ခုဖြစ်အောင် ပြောင်းလဲကြိုးပမ်းလာပါတယ်။

အင်စတာဂရမ် (Instagram) ကဲ့သို့ မက်တာရဲ့ အခြားလူကြိုက်များတဲ့ အက်ပ်တွေနဲ့ ချိတ်ဆက်ထားမှုကြောင့် Threads ရဲ့ အသုံးပြုသူအရေအတွက်ဟာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး အခုဆိုရင် တခြားအက်ပ်တွေကနေတစ်ဆင့် မဟုတ်ဘဲ Threads ထဲကို တိုက်ရိုက်ဝင်ရောက် အသုံးပြုသူတွေ ပိုမိုများပြားလာပြီလို့ သိရပါတယ်။

Meta's Threads reaches 500 million monthly users - Tech Edition

ဒါ့အပြင် Threads အနေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် နာမည်ကြီး အနုပညာရှင်တွေနဲ့ အားကစားသမားတွေကို ဖိတ်ခေါ်လျက်ရှိရာ မကြာသေးမီကလည်း ကမ္ဘာကျော် K-pop အဖွဲ့ဖြစ်တဲ့ BTS ဟာ Threads မှာ အကောင့်ဖွင့်လှစ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ဖော်လိုဝါ ၄ သန်းကျော် ရရှိခဲ့ပါတယ်။

အထူးသဖြင့် ကိုရီးယားနိုင်ငံမှာ တစ်နှစ်အတွင်း အက်ပ်အသုံးပြုချိန် ၈၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာပြီး အာရှဈေးကွက်မှာပါ အရှိန်အဟုန်နဲ့ အောင်မြင်မှု ရရှိနေတာဖြစ်ပါတယ်။

Ref: theedgesingapore

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com