MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI နည်းပညာကြောင့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ဝန်ထမ်း ၄,၈၀၀ ခန့် လျှော့ချ
News
news၂၀၂၆ ဇူလိုင် ၈

AI နည်းပညာကြောင့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ဝန်ထမ်း ၄,၈၀၀ ခန့် လျှော့ချ

<p>မိုက်ခရိုဆော့ဖ် (Microsoft) ကုမ္ပဏီဟာ အေအိုင် (AI) နည်းပညာ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်နိုင်ဖို့အတွက် ဝန်ထမ်းအင်အားရဲ့</p>

မိုက်ခရိုဆော့ဖ် (Microsoft) ကုမ္ပဏီဟာ အေအိုင် (AI) နည်းပညာ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်နိုင်ဖို့အတွက် ဝန်ထမ်းအင်အားရဲ့ ၂.၁ ရာခိုင်နှုန်းခန့် ရှိတဲ့ ဝန်ထမ်း ၄,၈၀၀ နီးပါးကို လျှော့ချသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို လျှော့ချမှုဟာ စီးပွားရေးနဲ့ Xbox ဂိမ်းကဏ္ဍ အစိတ်အပိုင်းအချို့ကို ပြန်လည်ဖွဲ့စည်းတဲ့ လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး နည်းပညာကုမ္ပဏီကြီးတွေကြား အေအိုင်ကြောင့် ဝန်ထမ်းအင်အား လျှော့ချနေတဲ့ လှိုင်းမှာ မိုက်ခရိုဆော့ဖ် ပါဝင်လာတာ ဖြစ်ပါတယ်။

Microsoft is joining other tech titans in a wave of layoffs as they shift investments towards AI infrastructure.

ကုမ္ပဏီရဲ့ လူ့စွမ်းအားအရင်းအမြစ် အရာရှိချုပ် အေမီ ကိုးလ်မန်း (Amy Coleman) က ဝန်ထမ်းတွေထံ ပေးပို့တဲ့ စာမှာ အေအိုင်ဟာ အလုပ်လုပ်ပုံတွေကို ပြောင်းလဲပေးနေပေမယ့် အခု ရာထူးမှ ဖယ်ရှားခံရသူတွေရဲ့ နေရာကို အေအိုင်နဲ့ တိုက်ရိုက် အစားထိုးတာမျိုး မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အေအိုင် ကြောင့် အလုပ်အကိုင် ပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ ကုမ္ပဏီရဲ့ ဦးစားပေး လုပ်ငန်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အရင်းအမြစ်တွေကို ပြန်လည် ခွဲဝေပြင်ဆင်တာ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

Microsoft lays off 4,800 as AI investments reshape business | World News - The Indian Express

ဒါ့အပြင် မိုက်ခရိုဆော့ဖ်ရဲ့ အေဇူး (Azure) ကလောက်ဒ် ဝန်ဆောင်မှု ပိုင်းမှာ တိုးတက်မှုတွေ ရှိနေပေမယ့် ဒေတာစင်တာတွေ တည်ဆောက်စရိတ် မြင့်မားမှုကြောင့် ငွေကြေးစီးဆင်းမှုမှာ ဖိအားတွေ ကြုံတွေ့နေရပါတယ်။

Xbox ဂိမ်းကဏ္ဍမှာလည်း အမြတ်အစွန်း ရရှိမှု လျော့ကျလာတာကြောင့် စီးပွားရေး ပုံစံကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့ ဒါမှမဟုတ် ကုမ္ပဏီခွဲ တစ်ခုအနေနဲ့ ခွဲထုတ်ဖို့အထိ စဉ်းစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Ref: The Strait Times

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com