MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကိုယ့်ထမင်းအိုးကိုယ် ခွဲခိုင်းနေတာလား – တရုတ်အလုပ်သမားတွေကို AI ကို လေ့ကျင့်ပေးဖို့ အသုံးချနေ
News
news၂၀၂၆ ဧပြီ ၂၅

ကိုယ့်ထမင်းအိုးကိုယ် ခွဲခိုင်းနေတာလား – တရုတ်အလုပ်သမားတွေကို AI ကို လေ့ကျင့်ပေးဖို့ အသုံးချနေ

<p>တရုတ်နိုင်ငံက ကုမ္ပဏီအချို့မှာ အလုပ်သမားတွေဟာ ကိုယ့်အလုပ်ကို AI နဲ့ အစားထိုးနိုင်ဖို့အတွက် ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေကို AI</p>

တရုတ်နိုင်ငံက ကုမ္ပဏီအချို့မှာ အလုပ်သမားတွေဟာ ကိုယ့်အလုပ်ကို AI နဲ့ အစားထိုးနိုင်ဖို့အတွက် ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေကို AI ဆီ အပ်နှံပေးဖို့ ဖိအားပေးခံနေရပါတယ်။ အလုပ်သမားတွေ ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လို ဆုံးဖြတ်ချက်ချတယ်ဆိုတာတွေကို အသေးစိတ် မှတ်တမ်းတင်ခိုင်းပြီး အဲဒီအချက်အလက်တွေနဲ့ AI Agent တွေကို လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ MIT Technology Review က ဖော်ပြလိုက်ပါတယ်။

Agibot unveils AI model that allows humanoid robots to perform real-world  tasks | South China Morning Post

ဒီနေရာမှာ Colleague Skill နဲ့ OpenClaw လိုမျိုး နည်းပညာအသစ်တွေက အလုပ်သမားတွေရဲ့ Chat Group တွေနဲ့ ကိုယ်ရေးမှတ်တမ်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး အလုပ်တာဝန် တစ်ခုချင်းစီအတွက် အသေးစိတ် “လက်စွဲစာအုပ်” တွေကို ထုတ်ပေးနေတာပါ။ ရှန်ဟိုင်းက အလုပ်သမားတစ်ဦးဖြစ်သူ အမ်ဘာလီကတော့ “ဒီနည်းပညာက ကြောက်စရာကောင်းလောက်အောင် တော်လွန်းနေတယ်” လို့ ဆိုပါတယ်။ လူတွေရဲ့ စကားပြောပုံ၊ ဆက်သွယ်ပုံနဲ့ အမူအကျင့် ပုံစံခွက်တွေကိုတောင် AI က အသေးစိတ် လိုက်တုနိုင်နေပြီ ဖြစ်ပါတယ်။

Big tech's AI models come alive in humanoid robots

ဒီအခြေအနေကြောင့် အလုပ်ပြုတ်မှာ စိုးရိမ်တဲ့ အလုပ်သမားတွေဘက်ကလည်း ပြန်လည်ခုခံမှုတွေ စတင်လာနေပါပြီ။ Koki Xu လိုမျိုး အလုပ်သမားတွေကတော့ AI ရဲ့ သင်ယူမှုကို နှောင့်ယှက်ဖျက်ဆီးမယ့် နည်းပညာတွေကို ပြန်လည်တီထွင်ပြီး တုံ့ပြန်နေကြပါတယ်။ ကုမ္ပဏီတွေက အကျိုးအမြတ်အတွက် အလိုအလျောက်စနစ် (Automation) ကို အားစိုက်တွန်းအားပေးနေပေမဲ့၊ အလုပ်သမားတွေအတွက်ကတော့ ကိုယ့်ပညာကို AI လက်ထဲထည့်ပြီး ကိုယ့်နေရာကိုယ် ဖယ်ပေးနေရသလို ဖြစ်နေပါတယ်။

Ref : Fossbytes

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com