MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
YouTube မှာ Subscriber သန်း ၅၀၀ ပြည့်သွားတဲ့ ပထမဆုံး လူသား MrBeast
News
news၂၀၂၆ ဇွန် ၁၆

YouTube မှာ Subscriber သန်း ၅၀၀ ပြည့်သွားတဲ့ ပထမဆုံး လူသား MrBeast

<p>နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ MrBeast (Jimmy Donaldson) ဟာ YouTube လောကမှာ ပထမဆုံးအနေနဲ့</p>

နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ MrBeast (Jimmy Donaldson) ဟာ YouTube လောကမှာ ပထမဆုံးအနေနဲ့ Follower သန်း ၅၀၀  ပြည့်သွားတဲ့ ပထမဆုံးလူသား ဖြစ်လာပါတယ်။

ဒီမှတ်တိုင်ကို ရောက်ရှိသွားတဲ့ အချိန်မှာ သူဟာ ထူးထူးခြားခြား အခမ်းအနားတွေ လုပ်မယ့်အစား သူ့ရဲ့ ချန်နယ်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်တဲ့ ပုံမှန် Live Stream လွှင့်ပြီးတော့ပဲ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

စစ်တမ်းတွေအရ သူ့ကို ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းဟာ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား လူငယ်တွေ ဖြစ်ကြပြီး နောက်ထပ် ၂၀ ရာခိုင်နှုန်းကတော့ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား အရွယ်တွေ ဖြစ်ကြပါတယ်။

MrBeast speaks at the Nickelodeon Kids' Choice Awards

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ MrBeast ရဲ့ ကုမ္ပဏီ (Beast Industries) ဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ကြေးရှိပြီး သူကိုယ်တိုင်လည်း ဒေါ်လာ ၂.၆ ဘီလီယံ ချမ်းသာတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် Amazon ကုမ္ပဏီနဲ့လည်း ဒေါ်လာ သန်း ၁၀၀ တန် စာချုပ်ချုပ်ဆိုထားပါသေးတယ်။

ဒါပေမဲ့ သူကတော့ Wall Street Journal နဲ့ အင်တာဗျူးမှာ သူ့ရဲ့ ကုမ္ပဏီရှယ်ယာ တန်ဖိုးတွေကို ဖယ်ထုတ်လိုက်ရင် သူ့ဘဏ်အကောင့်ထဲမှာ ပိုက်ဆံမရှိဘဲ အနုတ်ပြနေတာကြောင့် အခုလောလောဆယ် ချေးငွေတွေနဲ့ သုံးစွဲနေရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

MrBeast First Creator Reach 500 Million Subscribers on YouTube | Hypebeast

Ref: gizmodo

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com