MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Elon Musk ရဲ့ Neuralink က ဦးနှောက်ခွဲစိတ်နိုင်တဲ့ စက်ရုပ်ကို တီထွင်
News
news၂၀၂၆ မေ ၉

Elon Musk ရဲ့ Neuralink က ဦးနှောက်ခွဲစိတ်နိုင်တဲ့ စက်ရုပ်ကို တီထွင်

<p>Elon Musk ရဲ့ Neuralink ကုမ္ပဏီဟာ လူ့ဦးနှောက်ထဲကို ချစ်ပ်ပြားတွေ အလိုအလျောက် ထည့်သွင်းပေးနိုင်မယ့် ခွဲစိတ်စက်ရုပ်</p>

Elon Musk ရဲ့ Neuralink ကုမ္ပဏီဟာ လူ့ဦးနှောက်ထဲကို ချစ်ပ်ပြားတွေ အလိုအလျောက် ထည့်သွင်းပေးနိုင်မယ့် ခွဲစိတ်စက်ရုပ် (Surgical Robot) အသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ဒီစက်ရုပ်ဟာ ခေတ်မီကင်မရာတွေနဲ့ OCT ပုံရိပ်ဖော်နည်းပညာကို သုံးပြီး ဦးနှောက်တစ်ရှူးတွေကြားထဲမှာ ဆံပင်ထက် အဆပေါင်းများစွာ ပါးလွှာတဲ့ အမျှင်တန်းလေးတွေကို တစ်မျှင်ချင်းစီ တိတိကျကျ နေရာချပေးမှာ ဖြစ်ပါတယ်။

Elon Musk's Neuralink is building a robot that can reach any part of the brain - India Today

အထူးခြားဆုံးကတော့ ဒီစက်ရုပ်ဟာ ဦးနှောက်အမြှေးပါးကို ဖယ်ရှားစရာမလိုဘဲ ခွဲစိတ်ပေးနိုင်တာကြောင့် ခွဲစိတ်ချိန်ကို သိသိသာသာ မြန်ဆန်စေသလို ပိုးဝင်မယ့်အန္တရာယ်ကိုလည်း အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။

Neuralink ရဲ့ အဆိုအရ ဒီနည်းပညာဟာ ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်မှုကို ပိုမိုဘေးကင်းစေပြီး နောင်တစ်ချိန်မှာ လူအများအပြားကို ဝန်ဆောင်မှုပေးနိုင်မယ့် အဆင့်အထိ ရည်မှန်းထားတာပါ။

Neuralink unveils surgical robot to fully automate brain chip implants

၂၀၂၆ ခုနှစ် အစောပိုင်းအထိ လေဖြတ်နေသူတွေနဲ့ အာရုံကြောရောဂါ ဝေဒနာရှင် ၂၀ ဝန်းကျင်မှာ ဒီချစ်ပ်ပြားတွေကို စမ်းသပ်ထည့်သွင်းပေးထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၅၀ သန်း ထပ်မံရရှိထားတဲ့ Neuralink ကုမ္ပဏီဟာ တန်ဖိုးအားဖြင့် ဒေါ်လာ ၉ ဘီလီယံအထိ ရှိလာခဲ့ပြီး မကြာခင်မှာ စက်ရုပ်တွေနဲ့ပဲ အလိုအလျောက် ခွဲစိတ်ကုသပေးနိုင်တော့မယ့် အနာဂတ်ဆီ ဦးတည်နေတာ ဖြစ်ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com