MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
WiFi Router တွေကနေ လူတွေဘယ်သူဘယ်ဝါလဲဆိုတာ တိတိကျကျ ခွဲခြားသိရှိနိုင်မယ့် နည်းပညာအသစ်
News
news၂၀၂၆ မေ ၂၆

WiFi Router တွေကနေ လူတွေဘယ်သူဘယ်ဝါလဲဆိုတာ တိတိကျကျ ခွဲခြားသိရှိနိုင်မယ့် နည်းပညာအသစ်

<p>ဂျာမနီနိုင်ငံက သုတေသီတွေဟာ အိမ်တွေ၊ ဆိုင်တွေမှာ သုံးနေတဲ့ ရိုးရိုး WiFi ကွန်ရက်တွေကို အားကောင်းတဲ့ “မမြင်ရတဲ့</p>

ဂျာမနီနိုင်ငံက သုတေသီတွေဟာ အိမ်တွေ၊ ဆိုင်တွေမှာ သုံးနေတဲ့ ရိုးရိုး WiFi ကွန်ရက်တွေကို အားကောင်းတဲ့ “မမြင်ရတဲ့ ထောက်လှမ်းရေးစနစ်” အဖြစ် ပြောင်းလဲပစ်နိုင်မယ့် နည်းပညာသစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ပါတယ်။

ဒီစနစ်က ပုံမှန်ကြိုးမဲ့လှိုင်းတွေနဲ့ AI ကို ပေါင်းစပ်ပြီး အနီးနားက လူတွေရဲ့ ကိုယ်ခန္ဓာကြောင့် ရေဒီယိုလှိုင်းတွေ တုံ့ပြန်ပြောင်းလဲသွားပုံကို ကင်မရာတစ်လုံးလို ဖမ်းယူပုံဖော်တာ ဖြစ်ပါတယ်။

အံ့ဩစရာကောင်းတာက စောင့်ကြည့်ခံရသူရဲ့ ကိုယ်ပေါ်မှာ ဖုန်း ဒါမှမဟုတ် WiFi ချိတ်ထားတဲ့ ပစ္စည်းတစ်ခုမှ ရှိမနေရင်တောင် (ဖုန်းပိတ်ထားရင်တောင်မှ) အနီးနားက တခြားစက်ပစ္စည်းတွေရဲ့ လှိုင်းလှုပ်ရှားမှုတွေကို ဖြတ်သန်းပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အမိအရ ဖမ်းဆုပ်နိုင်တာ ဖြစ်ပါတယ်။

Standard WiFi can identify individuals with near-perfect accuracy

ဒီနည်းပညာရဲ့ ထူးခြားချက်က အရင်စမ်းသပ်မှုတွေလို ကုန်ကျစရိတ်များတဲ့ အထူးအာရုံခံကိရိယာတွေ မလိုဘဲ ကျွန်တော်တို့ ပတ်ဝန်းကျင်က ရိုးရိုး WiFi Router တွေနဲ့တင် အလုပ်လုပ်နိုင်တာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Router နဲ့ ဖုန်းတွေအကြား အပြန်အလှန် ပေးပို့နေတဲ့ အချက်အလက် (Beamforming Feedback) တွေဟာ လျှို့ဝှက်ကုဒ်စနစ် (Encryption) သုံးမထားတာကြောင့် လှိုင်းအကွာအဝေးအတွင်း ရှိနေရင် ဘယ်သူမဆို ခိုးဖတ်လို့ ရနေပါတယ်။

အဲဒီလှိုင်းဖြတ်သန်းမှုပုံစံတွေကို AI စနစ်ဆီ ပေးပို့ပြီး လေ့ကျင့်ပေးလိုက်တဲ့အခါ စက္ကန့်ပိုင်းအတွင်းမှာတင် အဲဒီလူရဲ့ ပုံရိပ်နဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ကွက်ကွက်ကွင်းကွင်း မှတ်မိသွားစေတာ ဖြစ်ပါတယ်။

Scientists in Germany say ordinary WiFi routers can now identify and track people with near-perfect accuracy using AI and radio wave reflections, even if your phone is turned off. : r/tech_x

လူပေါင်း ၁၉၇ ဦးနဲ့ စမ်းသပ်ခဲ့ရာမှာ ဒီစနစ်ဟာ လူတွေ ဘယ်လိုပဲ လျှောက်လှမ်းနေပါစေ၊ ဘယ်ထောင့်ကပဲ ကြည့်ကြည့် ဘယ်သူလဲဆိုတာကို ၁၀၀ ရာခိုင်နှုန်းနီးပါး တိတိကျကျ ခွဲခြားခန့်မှန်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် သုတေသီတွေကတော့ ဒီနည်းပညာဟာ ကိုယ်ရေးကိုယ်တာ လုံခြုံမှု (Privacy) ကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်ပြီး အထူးသဖြင့် အာဏာရှင်နိုင်ငံတွေမှာ ဆန္ဒပြသူတွေနဲ့ ပြည်သူတွေကို မသိမသာ နောက်ယောင်ခံစောင့်ကြည့်ဖို့ အသုံးချခံရမှာကို စိုးရိမ်နေကြပါတယ်။

ဒါကြောင့် နောက်ပိုင်းထွက်လာမယ့် WiFi စံနှုန်းအသစ်တွေမှာ Privacy အကာအကွယ်တွေကို ပိုမိုတင်းကျပ်စွာ ထည့်သွင်းပေးဖို့ သူတို့က အပြင်းအထန် တောင်းဆိုထားကြပါတယ်။

Ref: Science Daily

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com