MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နယူးယောက်မှာ ၈ တန်းကျောင်းသားတွေအထိ ကျောင်းမှာ AI အသုံးပြုခွင့် ပိတ်ပင်
News
news၂၀၂၆ စက်တင်ဘာ ၃

နယူးယောက်မှာ ၈ တန်းကျောင်းသားတွေအထိ ကျောင်းမှာ AI အသုံးပြုခွင့် ပိတ်ပင်

<p>နယူးယောက်မြို့ရဲ့ အစိုးရကျောင်းတွေမှာ ၈ တန်းအထိ ကျောင်းသားတွေအတွက် ဉာဏ်ရည်တု (AI) အသုံးပြုခွင့်ကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။ ကလေးတွေရဲ့</p>

နယူးယောက်မြို့ရဲ့ အစိုးရကျောင်းတွေမှာ ၈ တန်းအထိ ကျောင်းသားတွေအတွက် ဉာဏ်ရည်တု (AI) အသုံးပြုခွင့်ကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ စိတ်ကျန်းမာရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေအပေါ် မိဘတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ စိုးရိမ်မှုတွေကြောင့် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အကူအညီပေးတဲ့ AI chatbot တွေကိုလည်း တားမြစ်သွားမှာ ဖြစ်ပါတယ်။

NYC to ban student AI tools in 2-K through 8th grade and limit classroom  screen time - Chalkbeat

အမေရိကန် ပညာရေးစနစ်မှာ နဝမတန်းကနေ စတင်တဲ့ အထက်တန်းအဆင့်မှာတော့ AI နည်းပညာအကြောင်း လေ့လာဖို့လိုမျိုး သတ်မှတ်ထားတဲ့ ကိစ္စရပ်တွေအတွက်ပဲ ကန့်သတ် အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့တော့ သင်ခန်းစာတွေ ပြင်ဆင်တာနဲ့ စာရေးသားတာတွေအတွက် AI ကို ဆက်လက် အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။

New York City schools ban AI for students from pre-K to Grade 8 - Vanguard  News

ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ခဲ့တဲ့ AI သုံးစွဲမှု မူဘောင်ဟာ အရမ်းပေါ့လျော့တယ်ဆိုပြီး ဝေဖန်ခံခဲ့ရတဲ့အတွက် အခုလို စည်းမျဉ်းသစ်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး နယူးယောက်မြို့ရဲ့ ကျောင်းတွေမှာ AI သုံးစွဲမှု မူဝါဒကို သေချာချမှတ်နိုင်ဖို့ ဆရာ၊ ဆရာမတွေ၊ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းအဖွဲ့တစ်ခုကို တည်ထောင်သွားမှာဖြစ်ပြီး လာမယ့် ဧပြီလမှာ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

Ref : Bangkokpost

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com