MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နယူးယောက်ရှိ ကျောင်းတစ်ကျောင်းက AI စက်ရုပ်ဆရာမ အသုံးပြုမယ့် အစီအစဉ်ကို ဆိုင်းငံ့
News
news၂၀၂၆ ဩဂုတ် ၁

နယူးယောက်ရှိ ကျောင်းတစ်ကျောင်းက AI စက်ရုပ်ဆရာမ အသုံးပြုမယ့် အစီအစဉ်ကို ဆိုင်းငံ့

<p>နယူးယောက်ပြည်နယ်ရှိ ကျောင်းတစ်ခုက စာသင်ခန်းတွေမှာ “Sally” လို့ အမည်ပေးထားတဲ့ ဉာဏ်ရည်တု စက်ရုပ်ကို အသုံးပြုမယ့် အစီအစဉ်ကို</p>

နယူးယောက်ပြည်နယ်ရှိ ကျောင်းတစ်ခုက စာသင်ခန်းတွေမှာ “Sally” လို့ အမည်ပေးထားတဲ့ ဉာဏ်ရည်တု စက်ရုပ်ကို အသုံးပြုမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။

ဒီစက်ရုပ်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ လိင်ပိုင်းဆိုင်ရာ အရုပ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ ဆက်စပ်မှုရှိနေတာကို ဒေသခံတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ပြည်နယ်ပညာရေး တာဝန်ရှိသူတွေက စိုးရိမ်မှုတွေ ထွက်ပေါ်လာပြီးနောက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ကျောင်းတာဝန်ရှိသူတွေကတော့ တန်ဖိုး ဒေါ်လာ ၆၀,၀၀၀ နီးပါးရှိတဲ့ အဲဒီစက်ရုပ်ကို အထက်တန်းကျောင်းသားတွေရဲ့ စက်ရုပ်နဲ့ နည်းပညာဘာသာရပ်တွေ လေ့လာရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းအုပ်ကြီးက စက်ရုပ်ဟာ လူသားဆရာတွေကို အစားထိုးဖို့ မဟုတ်ကြောင်းနဲ့ ကျောင်းသားတွေရဲ့ အချက်အလက်တွေကိုလည်း လုံခြုံစွာ သိမ်းဆည်းသွားမှာဖြစ်ကြောင်း ကာကွယ်ပြောဆိုထားပါတယ်။

စက်ရုပ်ထုတ်လုပ်တဲ့ Realbotix ကုမ္ပဏီကလည်း သူတို့ရဲ့ ပညာရေးသုံး စက်ရုပ်တွေဟာ အရွယ်ရောက်ပြီးသူတွေအတွက် ထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့ သီးခြားစီဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။

Sally

ဒါပေမဲ့လည်း ဆန့်ကျင်ကန့်ကွက်မှုတွေကတော့ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ ပြည်နယ်ပညာရေး ကော်မရှင်နာနဲ့ ဆရာ၊ ဆရာမတွေရဲ့ သမဂ္ဂခေါင်းဆောင်တွေက ကျောင်းသားတွေဟာ စက်ရုပ်တွေထက် ဂရုစိုက်ကြင်နာတတ်တဲ့ လူသားတွေနဲ့သာ ရင်းနှီးကျွမ်းဝင်မှုရှိဖို့ လိုအပ်ကြောင်း ထောက်ပြထားကြပါတယ်။

လက်ရှိအချိန်မှာတော့ ကျောင်းအနေနဲ့ ပြည်နယ်ပညာရေး တာဝန်ရှိသူတွေနဲ့ ကျောင်းသား အချက်အလက် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေ လုပ်ဆောင်နေသလို ဒေသခံတွေနဲ့လည်း ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်နေတာကြောင့် ဒီစမ်းသပ်စီမံကိန်းကို ယာယီရပ်ဆိုင်းထားပါတယ်။

Ref: ap news

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com