MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Huawei နည်းပညာသုံး AI က အမေရိကန်ရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်နိုင်ကြောင်း Nvidia CEO သတိပေး
News
news၂၀၂၆ ဧပြီ ၂၁

Huawei နည်းပညာသုံး AI က အမေရိကန်ရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်နိုင်ကြောင်း Nvidia CEO သတိပေး

<p>Nvidia ရဲ့ CEO Jensen Huang က တရုတ်နိုင်ငံ DeepSeek ကုမ္ပဏီကနေ မကြာခင်</p>

Nvidia ရဲ့ CEO Jensen Huang က တရုတ်နိုင်ငံ DeepSeek ကုမ္ပဏီကနေ မကြာခင် ထွက်ရှိလာမယ့် AI မော်ဒယ်သစ် (DeepSeek V4) ဟာ Huawei ချစ်ပ်ပြားတွေနဲ့ပဲ အပြည့်အဝ လည်ပတ်သွားမယ်ဆိုရင် အမေရိကန်အတွက် အလွန်ဆိုးရွားတဲ့ ရလဒ် ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

အဓိက စိုးရိမ်ရတဲ့အချက်ကတော့ ကမ္ဘာ့ AI စနစ်တွေဟာ အမေရိကန်ရဲ့ နည်းပညာတွေအပေါ် မှီခိုနေရတဲ့အခြေအနေကနေ တရုတ်နည်းပညာဘက်ကို စတင်ကူးပြောင်းသွားနိုင်ပြီး အမေရိကန်ရဲ့ ဦးဆောင်မှုကို အားနည်းသွားစေနိုင်တာပဲ ဖြစ်ပါတယ်။

Nvidia CEO says his AI chips are improving faster than Moore's Law | TechCrunch

ဒီလနှောင်းပိုင်းမှာ ထွက်လာမယ့် DeepSeek V4 မော်ဒယ်ဟာ အရင်ကလို Nvidia ရဲ့ ချစ်ပ်ပြားတွေကို အသုံးမပြုတော့ဘဲ Huawei ရဲ့ Ascend ချစ်ပ်ပြားတွေနဲ့ပဲ အဓိက လည်ပတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ အမေရိကန်ရဲ့ နည်းပညာဂေဟစနစ်ကနေ ပထမဆုံးအကြိမ်အဖြစ် အကြီးအကျယ် ခွဲထွက်လိုက်တာလည်း ဖြစ်ပါတယ်။

Huawei ရဲ့ ချစ်ပ်ပြားတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ အမေရိကန်ထုတ်တွေထက် အနည်းငယ် နောက်ကျနေသေးပေမဲ့ တရုတ်နိုင်ငံဟာ ချစ်ပ်ပြားအမြောက်အမြားကို ပေါင်းစပ်အသုံးပြုခြင်းနဲ့ ဆော့ဖ်ဝဲလ်ပိုင်းမှာ ပိုမိုထိရောက်အောင် ဖန်တီးခြင်း (Efficiency) စတဲ့ နည်းလမ်းသစ်တွေနဲ့ ဒီအားနည်းချက်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ်။

အခုအခါမှာ AI နည်းပညာတိုက်ပွဲဟာ ဟာ့ဒ်ဝဲစွမ်းဆောင်ရည် တစ်ခုတည်းတင်မဟုတ်တော့ဘဲ ဆော့ဖ်ဝဲလ်ပိုင်း ထိရောက်မှုနဲ့ နည်းပညာဂေဟစနစ်ကို ဘယ်သူက ထိန်းချုပ်နိုင်မလဲဆိုတဲ့ အချက်အပေါ် မူတည်လာနေပါတယ်။

တရုတ်နိုင်ငံမှာ အင်အားတောင့်တင်းတဲ့ AI ပညာရှင်တွေနဲ့ ဈေးသက်သာတဲ့ လျှပ်စစ်စွမ်းအင်တွေရှိနေတာကလည်း သူတို့အတွက် အားသာချက် ဖြစ်နေပါတယ်။

တကယ်လို့ DeepSeek က Huawei ချစ်ပ်ပြားတွေနဲ့ အောင်မြင်သွားမယ်ဆိုရင် ဒါဟာ ကမ္ဘာ့ AI လောကအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပြီး နောက်နှစ်တွေမှာ ဘယ်သူက ဦးဆောင်သူဖြစ်လာမလဲဆိုတာကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။

Ref: Gizmochina

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com