MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI ဟာ အနာဂတ်မှာ မီတာခပေးပြီး သုံးရမယ့် လျှပ်စစ်မီးလို ဖြစ်လာနိုင်တယ်လို့ OpenAI CEO ပြော
News
news၂၀၂၆ ဇွန် ၅

AI ဟာ အနာဂတ်မှာ မီတာခပေးပြီး သုံးရမယ့် လျှပ်စစ်မီးလို ဖြစ်လာနိုင်တယ်လို့ OpenAI CEO ပြော

<p>AI နည်းပညာဟာ တစ်နေ့ကျရင် လျှပ်စစ်မီး ဒါမှမဟုတ် ဝိုင်ဖိုင် (Wi-Fi) လိုမျိုး ကိုယ်သုံးသလောက်ပဲ မီတာခပေးရမယ့်</p>

AI နည်းပညာဟာ တစ်နေ့ကျရင် လျှပ်စစ်မီး ဒါမှမဟုတ် ဝိုင်ဖိုင် (Wi-Fi) လိုမျိုး ကိုယ်သုံးသလောက်ပဲ မီတာခပေးရမယ့် နေ့စဉ်သုံး အခြေခံအသုံးအဆောင်တစ်ခု ဖြစ်လာနိုင်တယ်လို့ OpenAI ရဲ့ CEO Sam Altman က ဆိုပါတယ်။

ဝါရှင်တန်မှာ ပြုလုပ်တဲ့ ပွဲတစ်ခုမှာ သူက ပြောကြားခဲ့တာဖြစ်ပြီး အနာဂတ်မှာ ဉာဏ်ရည်တုတွေကို “မီတာစနစ်” နဲ့ ဖြန့်ဝေပေးသွားမှာဖြစ်လို့ ပိုသုံးရင် ပိုကျသင့်ပြီး လျှော့သုံးရင်တော့ သက်သာမှာ ဖြစ်ပါတယ်။

OpenAI CEO Sam Altman defends decision to strike Pentagon deal, admits 'optics don't look good' | Fortune

ဒါတင်မကသေးဘဲ Sam Altman က ရှေ့လျှောက် AI နည်းပညာတွေ ပေါများလာတဲ့အခါ မီတာတောင် တိုင်းစရာမလိုတော့ဘဲ အလွန်စျေးပေါတဲ့ (ဒါမှမဟုတ်) အခမဲ့နီးပါး သုံးနိုင်မယ့် အခြေအနေအထိ ရောက်သွားနိုင်တယ်လို့ပါ အရိပ်အမြွက် ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုစိတ်ကူးကြောင့် နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါလာမယ့် နည်းပညာဝန်ဆောင်မှုကြီးကို နည်းပညာကုမ္ပဏီကြီး အနည်းငယ်ကပဲ လက်ဝါးကြီးအုပ် ချုပ်ကိုင်သွားမလားဆိုပြီး ဝေဖန်ငြင်းခုံမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

OpenAI CEO Sam Altman exits Helion Energy's board as firms explore partnership | Reuters

တကယ်တော့ လက်ရှိမှာလည်း လစဉ်ကြေးပေးရတဲ့ စနစ်တွေနဲ့ သုံးသလောက်ပေးရတဲ့ API လိုမျိုး AI ဝန်ဆောင်မှုတွေ ရှိနေနှင့်ပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ Sam Altman မျှော်မှန်းထားတဲ့ အနာဂတ်ကတော့ ဒီထက်မက ပိုဝေးပြီး AI နည်းပညာဟာ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ရေ၊ မီး၊ အင်တာနက်တို့လိုမျိုး လူမှုဘဝထဲမှာ ခွဲထုတ်လို့မရအောင် အသားကျသွားမယ့် အခြေခံအဆောက်အအုံတစ်ခု ဖြစ်လာဖို့အထိ စိတ်ကူးထားတာ ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com