MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
OpenAI က မော်လ်တာ နိုင်ငံကို  ChatGPT Plus တစ်နှစ် အခမဲ့ သုံးခွင့်ပေး
News
news၂၀၂၆ မေ ၂၁

OpenAI က မော်လ်တာ နိုင်ငံကို  ChatGPT Plus တစ်နှစ် အခမဲ့ သုံးခွင့်ပေး

<p>မော်လ်တာနိုင်ငံသားတွေနဲ့ နေထိုင်သူတွေအားလုံး တစ်လကို အမေရိကန်ဒေါ်လာ ၂၀ တန်ဖိုးရှိတဲ့ ChatGPT Plus ဝန်ဆောင်မှုကို တစ်နှစ်တိတိ</p>

မော်လ်တာနိုင်ငံသားတွေနဲ့ နေထိုင်သူတွေအားလုံး တစ်လကို အမေရိကန်ဒေါ်လာ ၂၀ တန်ဖိုးရှိတဲ့ ChatGPT Plus ဝန်ဆောင်မှုကို တစ်နှစ်တိတိ အခမဲ့အသုံးပြုခွင့်ရမယ့် အခွင့်အရေးကြီး ပေါ်ပေါက်လာပါတယ်။ OpenAI နဲ့ မော်လ်တာအစိုးရတို့ ပူးပေါင်းပြီး “AI for All” ဆိုတဲ့ အစီအစဉ်ကို မေလမှာ စတင်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလက်ဆောင်ကို ရဖို့အတွက် မော်လ်တာတက္ကသိုလ်က စီစဉ်ထားတဲ့ AI အခြေခံသင်တန်းကို အရင်ဆုံး ပြီးအောင် တက်ရမှာဖြစ်ပြီး အဲဒီသင်တန်းမှာ AI နည်းပညာကို နေ့စဉ်လူမှုဘဝနဲ့ လုပ်ငန်းခွင်တွေမှာ ဘယ်လိုအသုံးချရမလဲဆိုတာကို အခမဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်ဖို့ ဥရောပသမဂ္ဂရဲ့ ဒီဂျစ်တယ်အိုင်ဒီ (eID) ရှိရမှာဖြစ်ပြီး နိုင်ငံပြင်ပမှာ ရောက်နေတဲ့ မော်လ်တာနိုင်ငံသားတွေလည်း ပါဝင်ခွင့်ရှိပါတယ်။ အရည်အချင်းပြည့်မီသူတွေကို အကောင့်ရရှိအောင် မော်လ်တာ ဒီဂျစ်တယ် ဆန်းသစ်တီထွင်မှု အာဏာပိုင်အဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အခုလို နိုင်ငံသားတစ်ရပ်လုံးကို AI နည်းပညာ အခမဲ့ပေးအပ်ပြီး တွန်းအားပေးတဲ့ အစီအစဉ်မျိုးကို ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ မလုပ်ဖူးသေးဘူးလို့ OpenAI ဘက်က ပြောထားပါတယ်။

နည်းပညာမူဝါဒတွေမှာ အမြဲတမ်း လက်ဦးမှုယူလေ့ရှိတဲ့ မော်လ်တာနိုင်ငံဟာ အရင်ကလည်း ဘလော့ချိန်းနဲ့ ဒီဂျစ်တယ်ပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းတွေကို စောစောစီးစီး ချမှတ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

Ref : Yahoo

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com