Oppo ကုမ္ပဏီက ၎င်း၏ A7 Pro စမတ်ဖုန်းအသစ်ကို လာမည့်သီတင်းပတ်တွင် တရားဝင်ထုတ်ဖော်တော့မည်ဖြစ်ပါတယ်။ အဓိကထူးခြားချက်အနေနဲ့ ဘက်ထရီ 8,000mAh ပမာဏ ပါဝင်ခြင်းဖြစ်ပြီး ယခုအချိန်ဈေးကွက်ရှိ ဖုန်းအများစုထက် သိသိသာသာ ကြီးမားတဲ့ ဘက်ထရီအရွယ်အစားဖြစ်ပါတယ်။

GSMArena ၏ သတင်းအရ Oppo A7 Pro သည် တစ်ရက်တာအသုံးပြုမှုအတွက် ဘက်ထရီအားနည်းမှုစိုးရိမ်စရာမလိုအောင် ရေရှည်အသုံးပြုနိုင်မယ့် ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပါတယ်။ တနင်္ဂနွေအားလပ်ရက်များ၊ ခရီးသွားချိန်များ သို့မဟုတ် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေချိန်များတွင် ဖုန်းကို ကြာရှည်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည့် Feature တစ်ခုအဖြစ် တင်ပြထားပါတယ်။ ဒါ့အပြင် ဈေးနှုန်းချိုသာမှုကို ဦးတည်ထုတ်လုပ်ထားသော Series တစ်ခုဖြစ်ပြီး ယေဘုယျအသုံးပြုသူများအတွက် စျေးကွက်တင်ထားသော ဖုန်းတစ်လုံးဖြစ်ပါတယ်။

Oppo သည် မြန်မာနိုင်ငံတွင် အရောင်းရဆုံးတရုတ်ဖုန်းအမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်ပြီး ဒီလို ဘက်ထရီအရွယ်အစားကြီးမားတဲ့ ဖုန်းအသစ်ဟာ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသော အသုံးပြုသူများအတွက် အထူးဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ Oppo A7 Pro ရဲ့ အသေးစိတ် Specification များနှင့် ဈေးနှုန်းအချက်အလက်များကို ထုတ်ဖော်ကြေညာချိန်မှာ ထပ်မံသိရှိရမှာဖြစ်ပါတယ်။