MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI သုံးတာများရင် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း ကျဆင်းတယ်လို့ စစ်တမ်းက ဖော်ပြ
News
news၂၀၂၆ ဇူလိုင် ၂၂

AI သုံးတာများရင် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း ကျဆင်းတယ်လို့ စစ်တမ်းက ဖော်ပြ

<p>AI ကို လွန်လွန်ကဲကဲ အားကိုးသုံးစွဲခြင်းက ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို လျှော့ကျစေနိုင်တယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသန စာတမ်းနှစ်စောင်မှာ</p>

AI ကို လွန်လွန်ကဲကဲ အားကိုးသုံးစွဲခြင်းက ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းကို လျှော့ကျစေနိုင်တယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသန စာတမ်းနှစ်စောင်မှာ ဖော်ပြထားပါတယ်။

Microsoft Research ရဲ့ လုပ်ငန်းခွင်အသီးသီးက ပညာရှင် ၃၁၉ ဦး၊ AI ချိတ်ဆက်လုပ်ဆောင်တဲ့ လုပ်ငန်းပေါင်း ၉၃၆ ခုကို လေ့လာဆန်းစစ်ခဲ့တဲ့ သုတေသနအရ AI ကို ပိုမိုယုံကြည်သူတွေဟာ ကိုယ်တိုင် ပြဿနာဖြေရှင်းတာထက် AI ရဲ့ အဖြေတွေကို စစ်ဆေးပြင်ဆင်တာမျိုးပဲ ပိုမိုလုပ်ဆောင်ကြတာကြောင့် ဝေဖန်ပိုင်းခြား စဉ်းစားမှု အားစိုက်ထုတ်မှု နည်းပါးသွားတာကို တွေ့ရှိခဲ့ရပါတယ်။

Artificial Intelligence (AI) for Schoolwork | Pros, Cons, Debate, Arguments, Homework, Education, Students, & Critical Thinking | Britannica

နောက်ထပ် လူပေါင်း ၆၆၆ ဦး ပါဝင်တဲ့ သုတေသနတစ်ခုမှာလည်း AI ကို မကြာခဏ အသုံးပြုခြင်းဟာ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်စွမ်း လျော့ကျခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။

ဒါဟာ မိမိကိုယ်တိုင် စိစစ်တွေးခေါ်ရမယ့် ဦးနှောက်လုပ်ဆောင်ချက်တွေအတွက် နည်းပညာကို အလွန်အကျွံ အားကိုးလိုက်တဲ့ cognitive offloading အလေ့အထကြောင့်ဖြစ်ပြီး အသက် ၁၇ နှစ်ကနေ ၂၅ နှစ်ကြား လူငယ်တွေမှာ ပိုမိုသိသာတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အဆိုပါ သုတေသနတွေဟာ AI ကြောင့် စဉ်းစားနိုင်စွမ်း ကျဆင်းသွားတာကို တိုက်ရိုက် သက်သေပြနေတာမဟုတ်ဘဲ ဆက်စပ်မှုကိုပဲ ဖော်ပြထားတာဖြစ်တာကြောင့် ရေရှည်သက်ရောက်မှုတွေကို ထပ်မံလေ့လာဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

Critical Thinking and Problem-Solving: The Most Valuable Skills for AI Users

ပညာရှင်တွေကတော့ AI ကို အကျိုးရှိရှိ အသုံးပြုရင် သင်ယူမှုနဲ့ ကုန်ထုတ်လုပ်မှုအတွက် တန်ဖိုးရှိတဲ့ ကိရိယာတစ်ခုအဖြစ် ရှိနေဆဲပဲလို့ ထောက်ပြထားပါတယ်။

ဒါကြောင့် AI ကို လူတွေရဲ့ စဉ်းစားတွေးခေါ်မှုကို အစားထိုးဖို့ မဟုတ်ဘဲ အထောက်အကူပြုဖို့အတွက်ပဲ အသုံးပြုကြဖို့နဲ့ AI က ထုတ်ပေးတဲ့ အချက်အလက်တွေကို သံသယရှိရှိ မေးခွန်းထုတ်၊ စိစစ်ပြီး ဝေဖန်ပိုင်းခြား စဉ်းစားကြဖို့ အကြံပြုထားပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com