MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ပုပ်ရဟန်းမင်းကြီး က Anthropic  နဲ့ ပူးပေါင်းပြီး AI ကို ကျင့်ဝတ်နဲ့ညီအောင် လမ်းညွှန်မည်
News
news၂၀၂၆ မေ ၃၀

ပုပ်ရဟန်းမင်းကြီး က Anthropic  နဲ့ ပူးပေါင်းပြီး AI ကို ကျင့်ဝတ်နဲ့ညီအောင် လမ်းညွှန်မည်

<p>ဉာဏ်ရည်တု (AI) နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့အပေါ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မြောက်က “Magnifica</p>

ဉာဏ်ရည်တု (AI) နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့အပေါ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မြောက်က “Magnifica Humanitas” (ခမ်းနားထည်ဝါသော လူသားမျိုးနွယ်) လို့ အမည်ရတဲ့ သူ့ရဲ့ ပထမဆုံး စွယ်စုံကျမ်းစာလွှာကို ထုတ်ပြန်ပြီး သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

AI ဆိုတာ လူသားတွေကို အလုပ်အကျွေးပြုဖို့ပဲ ဖြစ်ရမယ်လို့ ပါရှိပြီး လူသားတွေနေရာမှာ ဝင်ရောက်အစားထိုးတာ ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် လွှမ်းမိုးချုပ်ကိုင်တာမျိုး လုံးဝမဖြစ်စေရဘူးလို့ သတိပေးထားပါတယ်။ ဒါ့အပြင် AI တွေ ပိုပြီး အစွမ်းထက်လာတာနဲ့အမျှ တင်းကျပ်တဲ့ နည်းပညာကျင့်ဝတ်တွေ သတ်မှတ်ဖို့၊ လူသားတွေရဲ့ အလုပ်အကိုင်တွေကို ကာကွယ်ဖို့နဲ့ လူ့သိက္ခာကို လေးစားဖို့ပါ ပြတ်ပြတ်သားသား တိုက်တွန်းထားပါတယ်။

Pope Leo's first Encyclical Magnifica Humanitas: A call for Artificial Intelligence to serve humanity, not the power of a few -

ပုပ်ရဟန်းမင်းကြီးဟာ Claude AI ကို တီထွင်ထားတဲ့ နာမည်ကြီး Anthropic ကုမ္ပဏီနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တော့မယ့်အကြောင်း ကြေညာလိုက်ပါတယ်။ ဗာတီကန်မှာ ကျင်းပတဲ့ အဲဒီအခမ်းအနားကို Anthropic ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူ Christopher Olah ကိုယ်တိုင် တက်ရောက်စကားပြောခဲ့ပြီး ဒီလိုလက်တွဲရတဲ့ အဓိကရည်ရွယ်ချက်ကတော့ AI နည်းပညာ တိုးတက်မှုကို နည်းပညာသက်သက်တင်မဟုတ်ဘဲ ကျင့်ဝတ်နဲ့ လူသားဆန်မှု အခြေခံတွေပေါ်ကနေ လမ်းကြောင်းတည့်မတ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

Preparing Our Hearts for Magnifica Humanitas: Pope Leo XIV's New Encyclical on Artificial Intelligence - Laudato Si' Movement

ပုပ်ရဟန်းမင်းကြီး လီယိုက AI နည်းပညာဟာ လူသားတွေကို ကူညီပေးနိုင်တဲ့ အရာပဲ ဖြစ်ရမယ်လို့ မိန့်ကြားခဲ့ပြီး ဒီနည်းပညာကြောင့် လူမှုပတ်ဝန်းကျင်မှာ မညီမျှမှုတွေ ဖြစ်လာတာ၊ အလုပ်အကိုင်တွေ ဆုံးရှုံးရတာနဲ့ ပုံစံအသစ်နဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေ ပေါ်ပေါက်လာတာမျိုးကို လုံးဝခွင့်မပြုနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com