Qualcomm ကုမ္ပဏီက AI feature တွေကို ပိုမိုအားပေးထားတဲ့ smartphone processor chip အသစ်နှစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။ ထိပ်တန်း chip အနေနဲ့ parameter billion 30 ရှိတဲ့ mixture-of-expert (MoE) AI model ကို phone အတွင်းမှာပဲ တိုက်ရိုက် run နိုင်တာကို အထူးဂုဏ်ယူဖော်ပြထားပါတယ်။
ဒီ chip အသစ်တွေက on-device AI processing ကို ပိုမိုအားကောင်းအောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး၊ Cloud ပေါ်မှာ မမှီခိုဘဲ ဖုန်းထဲမှာပဲ AI feature တွေကို ပိုမြန်ပြီး ပိုစိတ်ချရအောင် အသုံးပြုနိုင်စေပါတယ်။ Chatbot response, image generation, real-time translation စတဲ့ AI-based feature တွေကို battery သက်သာစွာနဲ့ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မယ်လို့ Qualcomm က ဖော်ပြထားပါတယ်။
ဒီ chip အသစ်တွေက Xiaomi၊ Oppo၊ vivo လို smartphone brand တွေရဲ့ upcoming model တွေမှာ ပါဝင်လာနိုင်ပြီး၊ ဒီ brand တွေကတော့ မြန်မာနိုင်ငံသုံးစွဲသူတွေကြားမှာ လူကြိုက်များတဲ့ အမှတ်တံဆိပ်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် AI feature တွေကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်တဲ့ ဖုန်းအသစ်တွေကို မကြာမီ မြန်မာစျေးကွက်ထဲမှာ တွေ့ရနိုင်ပါတယ်။



