Realme ဟာ လူငယ်တွေကို အဓိကပစ်မှတ်ထားတဲ့ Realme 16 5G ဖုန်းအသစ်ကို အိန္ဒိယစျေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင်အကျယ် ၆.၅၇ လက်မရှိတဲ့ AMOLED Full HD+ display ကို အသုံးပြုထားပြီး 120Hz refresh rate နဲ့ Peak Brightness 4200 nits အထိ ရရှိမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းအတွက် MediaTek Dimensity 6400 Turbo processor ကို အသုံးပြုထားပြီး RAM 8GB ဒါမှမဟုတ် 12GB ရွေးချယ်နိုင်သလို Storage ကိုလည်း 256GB အထိ ရရှိနိုင်ပါတယ်။ Android 15 ကို အခြေခံထားတဲ့ Realme UI 7.0 နဲ့ မောင်းနှင်မှာဖြစ်ပြီး AI နည်းပညာသုံး Flux Engine ပါဝင်တာကြောင့် ဖုန်းအသုံးပြုရတာ ပိုမိုမြန်ဆန်ချောမွေ့စေမှာပါ။

ဓာတ်ပုံရိုက်ကူးမှုအတွက် အနောက်ဘက်မှာ 50MP Sony IMX852 sensor ပါဝင်တဲ့ ကင်မရာနှစ်လုံးတွဲနဲ့ အရှေ့ဘက်မှာလည်း 50MP selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ရေအောက်ဓာတ်ပုံရိုက်ကူးနိုင်တဲ့ AI နည်းပညာသုံး ဗီဒီယိုတည်းဖြတ်စနစ်တွေနဲ့အတူ အနောက်ဘက်မှာ Selfie မှန်နဲ့ Aura Ring Flash လည်း ပါဝင်ပါတယ်။

7,000mAh ဘက်ထရီအကြီးစားကို 60W fast charging စနစ်နဲ့ တွဲဖက်ပေးထားပြီး မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်ကို IP69K အဆင့် ရေစိုဖုန်စုပ်ခံနိုင်အောင် ပြုလုပ်ထားပြီး အိန္ဒိယမှာ ₹28,999 ကနေ စတင်ရောင်းချနေပါတယ်။