Xiaomi က Redmi Note 15 Special Edition ဖုန်းသစ်ကို အိန္ဒိယမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းဟာ တရုတ်နိုင်ငံမှာ ရောင်းချနေတဲ့ Redmi Note 15 5G နဲ့ တူညီပြီး အရောင်အနေနဲ့ အနက်၊ အဖြူနဲ့ သားရေတုအနောက်ဘက်ကာဗာ သုံးထားတဲ့ Crimson Reserve ဆိုပြီး သုံးမျိုး ရွေးချယ်နိုင်ပါတယ်။

Snapdragon 6 Gen 3 chipset ကို အသုံးပြုထားပြီး RAM 8GB နဲ့ Storage 256GB ပါဝင်ပါတယ်။ မျက်နှာပြင်ကတော့ ၆.၇၇ လက်မရှိတဲ့ FullHD+ AMOLED display အမျိုးအစားဖြစ်ပြီး 120Hz refresh rate နဲ့ Peak Brightness က 3,200 nits အထိ ရှိပါတယ်။

ကင်မရာပိုင်းမှာတော့ အနောက်ဘက် 50MP ပင်မကင်မရာနဲ့ 2MP Depth Sensor တွဲဖက်ထားပြီး ရှေ့ကင်မရာကိုတော့ 20MP သုံးထားပါတယ်။ 5,800mAh ဘက်ထရီ ပါဝင်ပြီး 45W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။

ဒီဖုန်းကို Android 15 အခြေခံ HyperOS 2 နဲ့ မောင်းနှင်မှာဖြစ်ပြီး MIL-STD-810H အဆင့် ခံနိုင်ရည်စစ်ဆေးမှုတွေ ခံယူထားပြီး IP55, IP66 စံနှုန်းတွေ ပါပါတယ်။ မျက်နှာပြင်အောက်လက်ဗွေဖတ်စနစ် ထည့်သွင်းထားပြီး ဈေးနှုန်းကတော့ ₹19,999 (ခန့်မှန်းခြေ ဒေါ်လာ ၂၁၅) ကနေ စတင်ရောင်းချပါတယ်။