မျက်မမြင်လမ်းပြခွေးလေးတွေနေရာမှာ အစားထိုးနိုင်မယ့် နည်းပညာမြင့် စက်ရုပ်ခွေးတစ်ကောင်ကို Binghamton University က သုတေသီတွေ အောင်မြင်စွာ တီထွင်လိုက်ပါတယ်။ အဲဒီစက်ရုပ်ခွေးဟာ သာမန်စက်ရုပ်တွေနဲ့မတူဘဲ အသုံးပြုသူနဲ့ စကားပြောဆို ဆက်သွယ်နိုင်တာက အဓိက ထူးခြားချက်ပဲ ဖြစ်ပါတယ်။

These AI-powered guide dogs don't just lead – they talk - Binghamton News

အဲဒီစက်ရုပ်ခွေးဟာ အပြင်မသွားခင်မှာ သွားမယ့်လမ်းကြောင်းကို အသေးစိတ် ကြိုတင်ရှင်းပြပေးနိုင်ပါတယ်။ လမ်းမှာလည်း ဘေးပတ်ဝန်းကျင်မှာ ဘာတွေရှိနေလဲဆိုတာကို တိုက်ရိုက် (Real-time) ပြောပြပေးနေမှာဖြစ်သလို၊ တိုက်မိခိုက်မိနိုင်တဲ့ အတားအဆီးတွေရှိရင်လည်း အချိန်နဲ့တပြေးညီ သတိပေးပေးနိုင်ပါတယ်။

Seeing Eye Robot Dog Debuts at Binghamton University

လက်တွေ့စမ်းသပ်မှုတွေအရ အသုံးပြုသူတွေဟာ စက်ရုပ်ခွေးရဲ့ လမ်းညွှန်မှုကို အရမ်းသဘောကျကြပါတယ်။ အထူးသဖြင့် စက်ရုပ်က စကားနဲ့ ရှင်းရှင်းလင်းလင်း ပြောပြပေးတဲ့အတွက် သွားရလာရတာ ပိုပြီးစိတ်ချလက်ချရှိစေသလို၊ စက်ရုပ်အပေါ် ယုံကြည်မှုကိုလည်း ပိုတိုးစေတယ်လို့ ဆိုပါတယ်။

အခုလောလောဆယ်မှာတော့ အိမ်ထဲမှာ စမ်းသပ်နေတာဖြစ်ပေမဲ့ နောက်ပိုင်းမှာ အပြင်ဘက်တွေမှာပါ အဆင်ပြေပြေ လမ်းပြနိုင်အောင်နဲ့ စက်ရုပ်က သူ့အလိုလို ပိုပြီးကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်အောင် ဆက်လက်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ဒီစက်ရုပ်ခွေးလေးတွေဟာ အမြင်အာရုံချို့တဲ့သူတွေရဲ့ နေ့စဉ်ဘဝမှာ တကယ့်ကို စမတ်ကျပြီး အားကိုးရတဲ့ အဖော်မွန်တွေ ဖြစ်လာတော့မှာပါ။

Ref : Technology Innovation