MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ပန်ကရိယကင်ဆာကို ၃ နှစ်အထိ စောစီးစွာ စစ်ဆေးသိရှိနိုင်မယ့် AI
News
news၂၀၂၆ ဇူလိုင် ၇

ပန်ကရိယကင်ဆာကို ၃ နှစ်အထိ စောစီးစွာ စစ်ဆေးသိရှိနိုင်မယ့် AI

<p>ပန်ကရိယကင်ဆာဟာ အစောပိုင်းမှာ ရောဂါလက္ခဏာပြလေ့မရှိဘဲ လူနာ ၈၅ ရာခိုင်နှုန်းကျော်ဟာ ကင်ဆာဆဲလ်တွေ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတဲ့ နောက်ကျတဲ့အဆင့်ရောက်မှသာ</p>

ပန်ကရိယကင်ဆာဟာ အစောပိုင်းမှာ ရောဂါလက္ခဏာပြလေ့မရှိဘဲ လူနာ ၈၅ ရာခိုင်နှုန်းကျော်ဟာ ကင်ဆာဆဲလ်တွေ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတဲ့ နောက်ကျတဲ့အဆင့်ရောက်မှသာ သိရှိရလေ့ရှိတဲ့ အလွန်အန္တရာယ်များတဲ့ ရောဂါဖြစ်ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ ကမ္ဘာကျော် မရိုးကလင်းနစ် (Mayo Clinic) က သုတေသီတွေဟာ ဒီကင်ဆာဆိုးကို ပုံမှန်ထက် ၃ နှစ်အထိ စောစီးစွာ စစ်ဆေးသိရှိနိုင်မယ့် REDMOD လို့ခေါ်တဲ့ AI စနစ်အသစ်တစ်ခုကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

အဲဒီ AI စနစ်ဟာ ပုံမှန်ရိုက်ကူးနေကျ CT Scan ဓာတ်မှန်တွေကို အသေးစိတ်လေ့လာပြီး လူ့မျက်စိနဲ့ ဘယ်လိုမှ မမြင်နိုင်လောက်အောင် သေးငယ်လွန်းတဲ့ ပန်ကရိယအတွင်းက အပြောင်းအလဲတွေကို ကင်ဆာအကျိတ် အထင်အရှားမပေါ်ခင်ကတည်းက ကြိုတင်စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။

Mayo Clinic AI detects pancreatic cancer up to 3 years before diagnosis in landmark validation study - Florida Hospital News and Healthcare Report

အမှန်တကယ် စမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ရာမှာ ဒီ AI စနစ်ဟာ CT Scan ဓာတ်မှန်ပေါင်း ၂,၀၀၀ နီးပါးကို ဆန်းစစ်ပြီး ကင်ဆာဖြစ်ပွားမှုတွေရဲ့ ၇၃ ရာခိုင်နှုန်းကို ရောဂါအဖြေမထွက်ခင် ပျမ်းမျှ ၁၆ လအလိုကတည်းက ကြိုတင်ထောက်လှမ်းနိုင်ခဲ့ပါတယ်။

အချို့လူနာတွေမှာဆိုရင် ရောဂါအခြေအနေကို ၃ နှစ်အထိ ကြိုတင်သိရှိနိုင်ခဲ့ပြီး AI အကူအညီမပါဘဲ စစ်ဆေးတဲ့ ဓာတ်မှန်ကျွမ်းကျင်ဆရာဝန်တွေထက် ရောဂါရှာဖွေနိုင်စွမ်း ပိုမိုသာလွန်တိကျနေတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။ ဒီလို စောစောစီးစီး သိရှိနိုင်ခြင်းဟာ လူနာတွေအတွက် အသက်ရှင်သန်ခွင့် အခွင့်အလမ်းကို အဆမတန် မြှင့်တင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Researchers at Mayo Clinic have developed a new artificial intelligence (AI) system that could help doctors detect pancreatic cancer up to three years earlier than it is usually diagnosed, giving patients a

လက်ရှိမှာတော့ ဒီ REDMOD နည်းပညာဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေသေးတာကြောင့် ဆေးရုံ ဆေးခန်းတွေမှာ ပုံမှန်အသုံးပြုဖို့ အတည်ပြုချက် မရသေးဘူးလို့ သုတေသီတွေက ဆိုပါတယ်။

ဒါပေမဲ့လည်း အနာဂတ် ဆေးဘက်ဆိုင်ရာလောကမှာ ဒီစနစ်ကို အမှန်တကယ် အသုံးပြုလာနိုင်ရင် ပန်ကရိယကင်ဆာကြောင့် အသက်ဆုံးရှုံးရမှုတွေကို ထိရောက်စွာ လျှော့ချပေးနိုင်တော့မယ်လို့ မျှော်လင့်ထားကြပြီး အဲဒီသုတေသနအသေးစိတ်ကိုတော့ Gut ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com