Microsoft က သုတေသီတွေဟာ ဒေတာ အမြောက်အများကို မှန်ချပ်ငယ်တွေထဲမှာ သိမ်းဆည်းနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီမှန်ချပ်တွေဟာ နှစ်ပေါင်း ၁၀,၀၀၀ ကျော်အထိ ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။

Microsoft unveils how tiny glass plates could save world's digital history

Project Silica လို့ခေါ်တဲ့ အဲဒီပရောဂျက်ဟာ ဟာ့ဒ်ဒရိုက် (hard drives) တွေနဲ့ သံလိုက်တိတ် (magnetic tapes) တွေ တဖြည်းဖြည်း ပျက်စီးလာပြီး ၅ နှစ်ကနေ ၁၀ နှစ်တစ်ကြိမ် အစားထိုးဖို့ လိုအပ်တဲ့ “bit rot” ပြဿနာကို ဖြေရှင်းပေးပါတယ်။

Nature ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုမှာတော့ သိပ္ပံပညာရှင်တွေက အထူးပြုလုပ်ထားတဲ့ မှန်သားထဲမှာ voxels လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမြဲတမ်း အမှတ်အသားတွေ ပြုလုပ်ဖို့အတွက် အစွမ်းထက် femtosecond လေဆာကို အသုံးပြုထားကြောင်း ရှင်းပြထားပါတယ်။

ဒေတာတွေကို CD ဒါမှမဟုတ် DVD တွေလို မျက်နှာပြင်ပေါ်မှာ သိမ်းဆည်းမယ့်အစား အချက်အလက်တွေကို မှန်သားအတွင်းပိုင်းက အလွှာရာပေါင်းများစွာမှာ ရေးသားထားပါတယ်။

Data laser-written into glass can be stored for more than 10,000 years, Microsoft says | The Straits Times

သောက်ရေခွက်ခံပြား အရွယ်အစားလောက်ရှိတဲ့ မှန်တစ်ချပ်ဟာ ပုံနှိပ်စာအုပ်ပေါင်း ၂ သန်းခန့်နဲ့ ညီမျှတဲ့ 4.84 terabytes အထိ သိမ်းဆည်းနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒေတာတွေကို ဖတ်ဖို့အတွက် မိုက်ခရိုစကုပ်က မှန်ကို စကင်န်ဖတ်ပြီး AI စနစ်က အဲဒီပုံစံတွေကို ဒစ်ဂျစ်တယ် ဖိုင်တွေအဖြစ် ပြန်လည်ပြောင်းလဲပေးပါတယ်။

မှန်ဟာ ဓာတုဗေဒအရ တည်ငြိမ်တဲ့အတွက် ပြင်းထန်တဲ့ အပူချိန် (290°C အထိ)၊ ရေနဲ့ သာမန် အီလက်ထရွန်းနစ်ပစ္စည်းတွေကို ပျက်စီးစေမယ့် လျှပ်စစ်သံလိုက်လှိုင်းတွေကိုတောင် ခံနိုင်ရည်ရှိပါတယ်။

လောလောဆယ်မှာတော့ အဲဒီနည်းပညာကို အိမ်သုံးဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ရေရှည် ဒေတာသိမ်းဆည်းမှု လိုအပ်တဲ့ အကြီးစား cloud ကုမ္ပဏီတွေနဲ့ အမျိုးသား မော်ကွန်းတိုက်တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

Ref: Technology Innovation