MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လူတူစက်ရုပ်များ အသုံးပြုပြီး ကမ္ဘာ့ပထမဆုံး ခွဲစိတ်မှုအောင်မြင်စွာ ဆောင်ရွက်
News
news၂၀၂၆ ဇူလိုင် ၁၂

လူတူစက်ရုပ်များ အသုံးပြုပြီး ကမ္ဘာ့ပထမဆုံး ခွဲစိတ်မှုအောင်မြင်စွာ ဆောင်ရွက်

<p>UC San Diego မှ သုတေသီတွေဟာ အဝေးထိန်း စနစ်သုံး လူတူစက်ရုပ် (Humanoid Robots)</p>

UC San Diego မှ သုတေသီတွေဟာ အဝေးထိန်း စနစ်သုံး လူတူစက်ရုပ် (Humanoid Robots) တွေကို အသုံးပြုပြီး သက်ရှိ သတ္တဝါတွေမှာ ကမ္ဘာ့ပထမဆုံးအကြိမ် ခွဲစိတ်မှု ၂ ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီစမ်းသပ်မှုအတွင်းမှာ ပထမခွဲစိတ်မှုကို လူခွဲစိတ်ဆရာဝန်နဲ့ လူတူစက်ရုပ်တစ်ရုပ် ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒုတိယခွဲစိတ်မှုကိုတော့ လူတူစက်ရုပ် ၂ ရုပ်ပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။ အဆိုပါ ခွဲစိတ်မှုတွေကို လူနာတွေမှာ မဟုတ်ဘဲ သက်ရှိ နို့တိုက်သတ္တဝါကြီးတွေမှာ စမ်းသပ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Surgeons Use Teleoperated Humanoid Robots to Perform Live Surgery – a World First

လက်ရှိ အသုံးပြုနေတဲ့ အထူးပြု ခွဲစိတ်စက်ရုပ်တွေနဲ့ မတူဘဲ ဒီလူတူစက်ရုပ်တွေဟာ သာမန် ခွဲစိတ်ကိရိယာတွေကို သုံးစွဲနိုင်သလို လူတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ခွဲစိတ်ခန်းတွေမှာပါ တိုက်ရိုက် အလုပ်လုပ်နိုင်တာပါ။

ခွဲစိတ်မှုတစ်ခုလုံးကို ဆရာဝန်တွေက အဝေးကနေ ထိန်းချုပ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး စက်ရုပ်တွေဟာ အလိုအလျောက် လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ပါဘူး။

Humanoid robots just removed a gallbladder in a live surgery | Mashable

ဒီစက်ရုပ်တွေကို လူတွေမှာ အသုံးပြုနိုင်ဖို့ နောက်ထပ် စမ်းသပ်မှုတွေ အများကြီး လိုအပ်နေသေးပေမဲ့ ဒီအောင်မြင်မှုဟာ စက်ရုပ်သုံး ကျန်းမာရေးစောင့်ရှောက်မှု အနာဂတ်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

အနာဂတ်မှာ အာကာသ မစ်ရှင်တွေ၊ စစ်မက်ဖြစ်ပွားရာ ဒေသတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်ရာနေရာတွေနဲ့ အလှမ်းဝေးတဲ့ ကျေးလက်ဆေးရုံတွေမှာ ခွဲစိတ်ကုသမှု ပိုမိုရရှိနိုင်အောင် ကူညီပေးနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပြီး ဒီသုတေသနကို ဇူလိုင် ၈ ရက်နေ့ထုတ် Nature ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
လူတူစက်ရုပ်များ အသုံးပြုပြီး ကမ္ဘာ့ပထမဆုံး ခွဲစိတ်မှုအောင်မြင်စွာ ဆောင်ရွက် | MyTech Myanmar