MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ် လူငယ်တစ်ယောက် လူတက်စီးလို့ရတဲ့ ဓားပျံကို တီထွင်
News
news၂၀၂၆ မေ ၂၄

တရုတ် လူငယ်တစ်ယောက် လူတက်စီးလို့ရတဲ့ ဓားပျံကို တီထွင်

<p>တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်က အသက် ၃၀ ကျော်အရွယ် အွန်လိုင်းအနုပညာရှင် ဖန်ရှီရှန်းဟာ သိုင်းကားနဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေထဲကလို</p>

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်က အသက် ၃၀ ကျော်အရွယ် အွန်လိုင်းအနုပညာရှင် ဖန်ရှီရှန်းဟာ သိုင်းကားနဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေထဲကလို တကယ်စီးလို့ရမယ့် ဓားပုံသဏ္ဌာန် ဒရုန်းယာဉ်တစ်စင်းကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

သူဟာ ဝတ်စုံနက်ကိုဝတ်ဆင်ပြီး အဲဒီဓားပုံစံဒရုန်းပေါ်မှာ ထိုင်နေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှာ ကြည့်ရှုသူ ၃ သန်းကျော်နဲ့ Like ပေါင်း ၂ သိန်းကျော်အထိ ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။

ဖန်ဟာ ငယ်စဉ်ကတည်းက သိုင်းကားတွေ၊ အထူးသဖြင့် “တီထွင်ဆန်းသစ်မှုရှိတဲ့ သိုင်းလောကဇာတ်လမ်းတွေ” ကို ကြည့်ပြီး ကြီးပြင်းလာခဲ့သူ ဖြစ်တာကြောင့် ဓားသိုင်းပညာကို အလွန်ရူးသွပ်ခဲ့တာ ဖြစ်ပါတယ်။

Fan Shishan's team

ဟိုတယ်ဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဖန်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ၂၀၂၀ ပြည့်နှစ်မှာ အွန်လိုင်းအနုပညာရှင်တစ်ဦးအဖြစ် စတင်ခြေလှမ်းခဲ့ပြီး ဓားတွေနဲ့ တိုက်ခိုက်မှုအကြောင်းအရာတွေကို အဓိက တင်ဆက်ခဲ့ပါတယ်။

နောက်ပိုင်းမှာ သူဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ ဓာတုဗေဒဆိုင်ရာ အသိပညာတွေကို အသုံးပြုပြီး ကွန်ပျူတာအထူးပြုလုပ်ချက် (CGI) မပါဘဲ မီးလျှံဓား၊ ရေခဲဓားနဲ့ လျှပ်စီးခေါ်ယူတဲ့ အထူးပြုလုပ်ချက်တွေကို ကိုယ်တိုင်ဖန်တီးလာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စိတ်ကူးကို ပိုမိုချဲ့ထွင်ပြီး အခုလို တကယ်ပျံသန်းနိုင်မယ့် ဓားပျံဒရုန်းစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Wear a helmet.

ဓားပုံသဏ္ဌာန်ဟာ ပုံမှန်လေယာဉ်တွေလို ပုံစံမျိုးမဟုတ်တာကြောင့် လေထဲမှာ တည်ငြိမ်မှုရှိဖို့နဲ့ ထိန်းချုပ်မောင်းနှင်မှုစနစ်တွေ အဆင်ပြေဖို့အတွက် သူ့ရဲ့အဖွဲ့ဟာ အချိန်အတော်ကြာအောင် ကြိုးစားဖြေရှင်းခဲ့ရပါတယ်။

၁၈ လကျော်ကြာအောင် အကြိမ်ကြိမ်ကျရှုံးခဲ့ရပြီးနောက်မှာတော့ အစောပိုင်းက ၁၀ စက္ကန့်လောက်ပဲ ပျံသန်းနိုင်ခဲ့တဲ့ အဲဒီဓားပျံဟာ အခုအခါမှာ မြေပြင်ကနေ ၂ မီတာအမြင့်မှာ ၃ မိနစ်အထိ ပျံသန်းနိုင်တဲ့အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။

အဲဒီပရောဂျက်ဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေသေးပြီး စီးပွားဖြစ်ထုတ်လုပ်ဖို့ မပြည့်စုံသေးပေမယ့် ဒဏ္ဍာရီစိတ်ကူးစိတ်သန်းနဲ့ ခေတ်ပေါ်နည်းပညာကို ထူးထူးခြားခြား ပေါင်းစပ်ပြသနိုင်ခဲ့တဲ့ တီထွင်မှုတစ်ခု ဖြစ်ပါတယ်။

Ref: Khaosod

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com