MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကိုရီးယားမှာ လူတူစက်ရုပ်ကို ဘုန်းကြီးဝတ်ပေး
News
news၂၀၂၆ မေ ၇

ကိုရီးယားမှာ လူတူစက်ရုပ်ကို ဘုန်းကြီးဝတ်ပေး

<p>ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က နာမည်ကျော် ဂျိုဂယေး ဘုန်းတော်ကြီးကျောင်းမှာ နည်းပညာနဲ့ ဘာသာရေးကို ထူးထူးခြားခြား ပေါင်းစပ်လိုက်တဲ့ ပွဲတစ်ခု</p>

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က နာမည်ကျော် ဂျိုဂယေး ဘုန်းတော်ကြီးကျောင်းမှာ နည်းပညာနဲ့ ဘာသာရေးကို ထူးထူးခြားခြား ပေါင်းစပ်လိုက်တဲ့ ပွဲတစ်ခု မေလ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒါကတော့ GI လို့ အမည်ရတဲ့ လူတူစက်ရုပ် တစ်ရုပ်ကို ဘုန်းကြီး ဝတ်ပေးလိုက်တဲ့ အခမ်းအနားပဲ ဖြစ်ပါတယ်။

အမြင့် ၄ ပေကျော်ရှိတဲ့ အဲဒီရိုဘော့ကို “ဂါဘီ” လို့ ဘွဲ့အမည်ပေးထားပြီး သင်္ကန်းဝတ်ပေးထားတဲ့အပြင် ဦးခေါင်းတုံးထားတဲ့ ပုံစံမျိုးဖြစ်အောင်လည်း ဖန်တီးပေးထားပါတယ်။ ပုံမှန်အားဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူရင် လက်မောင်းမှာ အမွှေးတိုင်နဲ့ တို့ပြီး အမှတ်အသားပြုရပေမဲ့ ဂါဘီကတော့ ရိုဘော့ဖြစ်နေတာကြောင့် လက်မောင်းမှာ စတစ်ကာကပ်ပြီး လည်ပင်းမှာ ပုတီးကုံးစွပ်ပေးကာ ဗုဒ္ဓ ဘာသာဝင်အဖြစ် လက်ခံခဲ့တာပါ။

May be an image of one or more people, crowd, temple and text that says 'K AP AP APPhoto Photo'

ကိုရီးယား ဗုဒ္ဓဘာသာအဖွဲ့အစည်းကတော့ အခုလို လုပ်ဆောင်တာဟာ ရှေးဟောင်းအစဉ်အလာတွေနဲ့ အနာဂတ်နည်းပညာတွေကြား တသားတည်းဖြစ်မှုကို ပြသချင်တာလို့ ဆိုပါတယ်။ ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဒီပွဲဟာ လူသားတွေတင်မကဘဲ အနာဂတ်ရဲ့ နည်းပညာအသစ်တွေပါ ဘာသာတရားရဲ့ အရိပ်အာဝါသအောက် ရောက်ရှိလာနိုင်တယ်ဆိုတဲ့ စိတ်ဝင်စားစရာ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။

Ref: upi

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com