MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ထိုင်ဝမ်ရဲ့ တောင်တရုတ်ပင်လယ်ကျွန်းတွေမှာ တရုတ်ကို တုံ့ပြန်ဖို့ စက်ရုပ်ကင်းလှည့်ခွေးတွေကို အသုံးပြုလာနိုင်
News
news၂၀၂၆ ဇွန် ၃

ထိုင်ဝမ်ရဲ့ တောင်တရုတ်ပင်လယ်ကျွန်းတွေမှာ တရုတ်ကို တုံ့ပြန်ဖို့ စက်ရုပ်ကင်းလှည့်ခွေးတွေကို အသုံးပြုလာနိုင်

<p>ထိုင်ဝမ်စစ်တပ်ရဲ့ ထိပ်တန်းလက်နက်ထုတ်လုပ်ရေးဌာနဟာ တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွားဖွယ်ကျွန်းတွေမှာ ကင်းလှည့်ဖို့အတွက် လက်နက်တပ်ဆင်ထားတဲ့ စက်ရုပ်ခွေးသုံးမျိုးကို မီဒီယာပွဲတစ်ခုမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့</p>

ထိုင်ဝမ်စစ်တပ်ရဲ့ ထိပ်တန်းလက်နက်ထုတ်လုပ်ရေးဌာနဟာ တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွားဖွယ်ကျွန်းတွေမှာ ကင်းလှည့်ဖို့အတွက် လက်နက်တပ်ဆင်ထားတဲ့ စက်ရုပ်ခွေးသုံးမျိုးကို မီဒီယာပွဲတစ်ခုမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ တိုးမြင့်လာတဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့ ထိုင်ဝမ်စစ်တပ်ဟာ စစ်အင်အားကို ခေတ်မီအောင် အပြင်းအထန် ပြင်ဆင်နေတာဖြစ်ပြီး ဒရုန်းနဲ့ စက်ရုပ်နည်းပညာတွေကို အဓိကထား လုပ်ဆောင်နေတာပါ။

အခုပြသခဲ့တဲ့ စက်ရုပ်ခွေးတွေကိုတော့ အမေရိကန်စစ်တပ်ရဲ့ အဓိကလက်နက်ပံ့ပိုးသူ Ghost Robotics ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပြီး ထိုင်ဝမ်ရဲ့ အမျိုးသားချောင်ရှန်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ် (NCSIST) က သူတို့ရဲ့ ကိုယ်ပိုင်အဆင့်မြင့်နည်းပညာတွေကို ထပ်မံဖြည့်စွက် တပ်ဆင်ထားတာ ဖြစ်ပါတယ်။

Robot patrol dogs could be coming to Taiwan's South China Sea islands | FMT

ဒီစက်ရုပ်ခွေးတွေကို ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနဲ့ တိုက်ခိုက်ရေးဆိုပြီး စွမ်းရည်သုံးမျိုးခွဲခြားထားပြီး တိုက်ခိုက်ရေးဗားရှင်းမှာဆိုရင် ကျောကုန်းပေါ်မှာ စက်သေနတ်ပါ အသင့်တပ်ဆင်ပေးထားပါတယ်။

နည်းပညာဌာနရဲ့ ဒုတိယအကြီးအကဲ ရန်ကော်ကွမ်က စစ်တပ်ဘက်က ဒီလိုစက်ရုပ်ခွေးတွေကို အသုံးပြုဖို့ အမှန်တကယ် လိုလားနေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အီတူးအာဘာ (Itu Aba) နဲ့ ပရာတပ်စ် (Pratas) လိုမျိုး တောင်တရုတ်ပင်လယ်ကျွန်းတွေရဲ့ ကမ်းခြေနဲ့ ကမ်းရိုးတန်းတွေမှာ ကင်းလှည့်ဖို့နဲ့ စစ်ဆေးရေးလုပ်ငန်းတွေလုပ်ဖို့ မရိန်းတပ်ဖွဲ့တွေနဲ့ ကမ်းခြေစောင့်တပ်တွေမှာ ဒီစက်ရုပ်ခွေးတွေကို အရေးတကြီး လိုအပ်နေတယ်လို့ ရှင်းပြပါတယ်။

Robot dogs may one day patrol Taiwan's South China Sea islands

အဲဒီကျွန်းတွေပေါ်မှာ ဒေသခံပြည်သူတွေ နေထိုင်တာမျိုးမရှိဘဲ ငြိမ်းချမ်းရေးကာလမှာ ကမ်းခြေစောင့်တပ်ဖွဲ့တွေကပဲ တာဝန်ယူ စောင့်ရှောက်နေတာပါ။

တရုတ်နဲ့ ထိုင်ဝမ်နှစ်နိုင်ငံစလုံးက တောင်တရုတ်ပင်လယ် အများစုကို ပိုင်ဆိုင်ကြောင်း ကြေညာထားကြပြီး တရုတ်စစ်တပ်ဟာ အီတူးအာဘာကျွန်းကို သိပ်ပြီး လာရောက်နှောင့်ယှက်တာမျိုး မရှိပါဘူး။

ဒါပေမဲ့ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ ပရာတပ်စ်ကျွန်းအနီးမှာတော့ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေနဲ့ စစ်ဘက်သုံးဒရုန်းတွေ လာရောက်ကင်းလှည့်တာမျိုးတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတာကြောင့် ထိုင်ဝမ်ဘက်က အခုလို စက်ရုပ်ခွေးတွေနဲ့ ကာကွယ်ဖို့ ပြင်ဆင်လာရတာ ဖြစ်ပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com