MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
မလေးရှား ဘတ်စ်ကားဂိတ်မှာ စက်ရုပ်ရဲသားကြီး စတင်တာဝန်ထမ်းဆောင်နေပြီ
News
news၂၀၂၆ ဇွန် ၂၃

မလေးရှား ဘတ်စ်ကားဂိတ်မှာ စက်ရုပ်ရဲသားကြီး စတင်တာဝန်ထမ်းဆောင်နေပြီ

<p>မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ အစည်ကားဆုံး ပြည်နယ်စုံပြေးဆွဲတဲ့ ဘတ်စ်ကားဂိတ် (TBS) မှာ လူသားလုံခြုံရေးဝန်ထမ်းတွေနဲ့အတူ ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ဉာဏ်ရည်တု</p>

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ အစည်ကားဆုံး ပြည်နယ်စုံပြေးဆွဲတဲ့ ဘတ်စ်ကားဂိတ် (TBS) မှာ လူသားလုံခြုံရေးဝန်ထမ်းတွေနဲ့အတူ ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ဉာဏ်ရည်တု (AI) စနစ်သုံး လုံခြုံရေးစက်ရုပ်တစ်ရုပ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား စမ်းသပ်မောင်းနှင်နေပါတယ်။

အဲဒီစက်ရုပ်ရဲသားကြီးဟာ လူတွေလို နားချိန်ပေးဖို့မလိုဘဲ ရပ်နားခြင်းမရှိဘဲ စဉ်ဆက်မပြတ် ကင်းလှည့်နိုင်ပြီး စမတ်ဗီဒီယိုစနစ်တွေနဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတွေကို အချိန်နဲ့တပြေးညီ မျက်ခြေမပြတ် စောင့်ကြည့်ဖော်ထုတ်ပေးနိုင်ပါတယ်။

အဲဒီစက်ရုပ်မှာ မျက်နှာမှတ်မိခြင်းစနစ်၊ ၃၆၀ ဒီဂရီ ပတ်လည်မြင်ကွင်းစနစ်နဲ့ လူမျက်လုံးအဆင့်အတိုင်း ဗီဒီယိုမှတ်တမ်းတင်နိုင်တဲ့ စနစ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ပိုင်ရှင်မဲ့ပစ်ထားတဲ့ ခရီးဆောင်အိတ်တွေ၊ လမ်းပိတ်ဆို့မှုတွေ၊ လူစုလူဝေးဖြစ်နေတာတွေနဲ့ စည်းကမ်းမဲ့ ဆေးလိပ်သောက်တဲ့ ဥပဒေချိုးဖောက်မှုတွေကိုပါ ရှာဖွေဖော်ထုတ်ပေးနိုင်ပါတယ်။

စက်ရုပ်ကနေ ပုံမှန်မဟုတ်တဲ့အခြေအနေ ဒါမှမဟုတ် ချိုးဖောက်မှုတစ်ခုခုကို ရှာဖွေတွေ့ရှိရင် ထိန်းချုပ်ခန်းက လုံခြုံရေးမှူးဆီ ချက်ချင်းအကြောင်းကြားပေးမှာဖြစ်ပြီး လုံခြုံရေးမှူးက စက်ရုပ်မှာပါတဲ့ အော်ဒီယိုစနစ်ကနေတစ်ဆင့် ခရီးသည်တွေကို လှမ်းပြီး တိုက်ရိုက်သတိပေး စကားပြောဆိုနိုင်ပါတယ်။

စောင့်ကြည့်ရုံတင်မကဘဲ သူ့ရဲ့ကိုယ်ထည်ထဲမှာ မီးသတ်ဆေးဘူး၊ ရှေးဦးသူနာပြုစုခြင်းသေတ္တာနဲ့ နှလုံးခုန်နှုန်းထိန်းစက် (AED) တို့ကိုပါ ထည့်သွင်းထားလို့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း လျင်လျင်မြန်မြန် အသုံးပြုနိုင်ပါတယ်။

နည်းပညာဖွဲ့စည်းပုံပေါ်မူတည်ပြီး အဲဒီလုံခြုံရေးစက်ရုပ်တစ်ရုပ်ကို မလေးရှားရင်းဂစ် ၁၅၀,၀၀၀ (စင်ကာပူဒေါ်လာ ၄၆,၉၀၀ ဝန်းကျင်) ကုန်ကျပါတယ်။

အခုလို စက်ရုပ်နည်းပညာတွေ အသုံးပြုလာတာဟာ လုံခြုံရေးလုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ လူအင်အားပြတ်လပ်မှုနဲ့ လုပ်အားခကြီးမြင့်မှု ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ဖြစ်ပြီး အန္တရာယ်ရှိတဲ့ လက်နက်ကိုင်လုယက်မှုလို အခြေအနေမျိုးတွေမှာ လုံခြုံရေးဝန်ထမ်းတွေကိုယ်တိုင် မသွားဘဲ စက်ရုပ်ကိုအရင်လွှတ်ပြီး အခြေအနေကို စုံစမ်းခိုင်းနိုင်လို့ လူသားဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

လတ်တလောမှာတော့ အဲဒီစက်ရုပ်ဟာ လူသားဝန်ထမ်းတွေကို အစားထိုးဖို့ မဟုတ်ဘဲ ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီးထိရောက်အောင် ကူညီပံ့ပိုးပေးဖို့အတွက်သာ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Ref: Straittimes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com